Cancer drug shows promise as cure for hepatitis B

ကင်ဆာဆေးကနေ အသည်းရောင် (ဘီ) ကိုကုသနိုင်ရန် အလားအလာရှိ

သြစတေးလျဆရာဝန်တွေက တွေ့ရှိလာတဲ့ ၂ဝ၁၅ ဧပြီလ (၂ဝ) ရက်သတင်းဖြစ်ပါတယ်။ အခုထိစမ်းသပ်မှုမှာ ၁ဝဝ% ပျောက်ကင်းတာ တွေ့ရှိရပါတယ်။

ဗိုင်းရပ်စ်ဆေးနဲ့ ကင်ဆာဆေးတွဲပေးနည်းဖြစ်ပါတယ်။ မဲလ်ဘုန်၊ ပါ့သ်နဲ့ အဒယ်လ်ဒီမှာ လူနာတွေကို ၂ဝ၁၄ ဒီဇင်္ဘာမှာ စပေးနေပါတယ်။ အမေရိက TetraLogic ဆေးကုမ္ဗဏီကနေထုတ်တဲ့ Birinapant ကင်ဆာဆေးကိုသုံးတယ်။ ဒီဆေးက (ဘီ) ပိုးကြောင့်ပျက်စီးနေတဲ့ အသည်းဆဲလ်တွေကိုသက်ရောက်စေပြီး ပုံမှန်အသည်းဆဲလ်တွေကို ချန်ထားပါတယ်။

ဗိုင်းရပ်စ်ဆေး Entecavir နဲ့တွဲပေးရင် Birinapant ကင်ဆာဆေးတခုတည်းပေးတာထက် ၂ ဆ မြန်မြန်ကောင်းတာ တွေ့ရတယ်။

ကမ္ဘာမှာ လူပေါင်း ၂ ဘီလီယန် အသည်းရောင် (ဘီ) ပိုးကူးစက်ခံထားရတယ်။ သန်း ၄ဝဝ နီးပါးမှာ နာတာရှည် အသည်းရောင် ဖြစ်နေကြရတယ်။ ၇၈ဝဝဝဝ ယောက်နှစ်စဉ်သေဆုံးနေတြပါတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၅-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး