Eight surprising consequences of Ghana's power outages

ဂါနာ ပါဝါပြတ်တောက်မှု၏ အံ့ချီးဖွယ်ရာရှစ်ဖြာ

လွန်ခဲ့တဲ့ (၅) နာရီက ဘီဘီစီ အာဖရိက ဝဘ်ဆိုက်မှာတင်ထားတဲ့သတင်းပါ။ အာဖရိကတိုက် ဂါနာနိုင်ငံမှာ လျှပ်စစ်မီး ပြတ်တောက်မှုက ပြီးခဲ့တဲ့ သုံးနှစ်အတွင်း တာရှည်လွန်းနေပါတယ်။ အခုကအကြာဆုံးဖြစ်တယ်။ အဆိုးထဲက အကောင်း ယူတတ်ရင် စိတ်သက်သာရာရပါတယ်။ မြန်မာပြေမှာလည်း တိုတဲ့တုတ်နဲ့တိုင်းပြီး ရှည်သယောင် ထင်နိုင်ကြပါစေ။

Myanmar မြန်မာ
GDP (nominal)  2014 estimate
 -   Total  $65.291 billion
 -   Per capita  $1,269

Ghana ဂါနာ
GDP (nominal)  2014 estimate
 -   Total  $38.648 billion
 -   Per capita  $1,474

1. ခြင်သံမဟုတ်ပါ၊ မီးစက်အသံတွေပါ။ လျှပ်စစ်မီးမလာလို့ မီးစက်တွေ ဝယ်သုံးကြရတယ်။ ဈေးကြီးကြီးပေးရတဲ့ စက်အသံတွေက ခြင်တွေအော်မည်သံတွေလိုပဲ။ ဈေးချိုတာကတော့ ကျယ်လောင်လှပါတယ်။ ဒီလိုအသံကို ကိုယ်ကမဝယ်နိုင်လည်း ဘေးအိမ်တွေဆီက အိပ်ယာထဲကနေ အတိုင်းသားကြားနေရတယ်။

2. ဂါနာသမတ နာမည်သစ်ရလာပါတယ်။ ဂျွန် မဟာမာ (ခေါ်) (မစ္စတာဒွမ်ဆာ) ဖြစ်ပါတယ်။ Dumsor (ဒွမ်ဆာ) ဆိုတာ dum and sor = off and on ဖွင့်ချည်ပိတ်ချည်လို့ အဓိပ္ပါယ်ရပါသတဲ့။

3. မီးပျက်တော့ မိသားစုတွေအတူတူနေချိန်ပိုရကြပါတယ်။ ယောက်ျားတွေ ဘောလုံးပွဲကြည့်ချိန်နည်းလာပြီး ဇနီးမယားတွေနဲ့ နေချိန်ပိုလာကြတယ်။ မီးပျက်တော့ ကျမယောက်ျားက ကျမဖက်လှည့်လာတာပေါ့တဲ့။ မိသားစုဝင်တွေလည်း လက်ပတော့တွေ ဖုန်းတွေက မီးမရတော့ အချင်းချင်း စကားပိုပြောနိုင်လာကြတယ်။

4. ညကြီးမင်းကြီး မီးကမလာ၊ ကိုယ်ဝန်ဆောင် ဗိုက်နာလာတော့ ဖုန်းကရတဲ့အလင်းရောင်နဲ့ မီးဖွါးရပါသတဲ့။ ဆေးရုံတချို့က မီးစက်ဖိုးမတတ်နိုင်ကြပါ။ လက်နှိပ်မီးနဲ့ဖြစ်ဖြစ်၊၊ မိုဘိုင်းဖုန်းအလင်းရောင်နဲ့ဖြစ်ဖြစ်  ကလေးမွေးပေးရ၊ ဆေးကုပေးရတယ်။

5. အရင်ကလို ရေခဲသေတ္တာတွေလည်း အေးခဲမရတော့ အစားအစာကို သိုလှောင်ထား မရတော့ပါ။ အဲတော့ နေ့စာညစာကို ချက်ပြုပ်စားသောက်ရလို့ အေးခဲထားတဲ့အစာထက် ပိုကောင်းပါသတဲ့။

6. မီးမလာတော မီတာကြေးလည်း တဝက်သာပေးရလို့ တွက်ခြေကိုက်ပါသေးသတဲ့။ အများစု ကြိုတင် ငွေပေးစနစ်နဲ့ ဖြစ်တယ်။

7. မီးကမလာ ရာသီဥတုကပူအိုက်တော့ ကားထဲမှာပဲ အေစီဖွင့်ထားနေကြရတယ်။ မအိပ်ခင် ကားထဲဝင်ပြီး ရေဒီယိုနားထောင်ကြတယ်။

8. ရုပ်ရှင်မင်းသားမင်းသမီးတွေလည်း နိုင်ငံရေးလုပ်လာကြတယ်။ သမတကိုလှောင်ပြောင်ပြီး Sarkodie က မီးပျက်တာကို ရက်ပ်သီချင်းဆိုတယ်။ Yvonne Nelson မင်းသမီးက တွစ်တာကနေ သမတကိုရှုံ့ချတယ်။ သူတို့နှစ်ယောက်တွဲပြီး ဆန္ဒပြကြတယ်။ အဲလိုအနုပညာသည်တွေက နိုင်ငံရေးထဲဝင်ပါတာကို အာဏာပိုင်အစုက မကြိုက်ကြပါ။ သမတလက်ထောက်ဟောင်း Alhaji Halidu Haruna ကနေ အဲလို နာမည်ကြီးတွေက နိုင်ငံရေးစကားပြောတာ ကျိုးကြောင်းမဆီလျှော်ဘူး။ ဘာလို့လည်းဆိုတော့ သူတို့က ပြည့်တန်းဆာလုပ်ငန်းထဲ ပါနေတာ မဟုတ်လားလို့ ဝေဖန်းတယ်။ သူပြောတာကမှားနေတော့ သူကပဲ ပြန်တောင်းပန်လိုက်ရတယ်။

ဒေါက်တာတင့်ဆွေ
၁၅-၅-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး