Liar အမျိုးသားလွှတ်တော်ဆွေးနွေးခန်း

• ရခိုင်ကိုယ်စားလှယ် = (မိန်းမ) အစား (အမျိုးသမီး) ဟုပြင်သင့်။ (ယောက်ျား) အစား (အမျိုးသား) ဟုပြင်သင့်။
• NLD ကိုယ်စားလှယ် = လူ့အခွင့်အရေးကြေညာချက်နဲ့ ကိုက်ညီသင့်။ မပြဋ္ဌာန်းသင့်။
• NDF ကိုယ်စားလှယ် = လူ့အခွင့်အရေးကိုနားလည်ရင် မတားသင့်။ လူ့အခွင့်အရေးကို ဇလုတ်တိုက်ပြီး မလုပ်သင့်။ မဖြစ်မနေ ဒီဥပဒေကို ပြကိုပြဋ္ဌာန်းသင့်။

ကျွန်တော့်အမြင်
• (မိန်းမ) ဆိုတာ Woman မဟုတ်။ Female မဟုတ်။ Wife ဖြစ်ပါမယ်။ (ဇနီး၊ ခင်ပွန်း) အသုံးကသာ ယဉ်ကျေးတယ်။ (ဝေါဟာရကိုသာထောက်တာဖြစ်တယ်။)
• ဒီဥပဒေဟာ ဗုဒ္ဓဘာသာကို ပစားပေးဘို့မဟုတ်။ ကြည်ညိုလို့လည်းမဟုတ်။ လွှတ်တော်နဲ့ ဗုဒ္ဓဘာသာဝင်တွေကို သူများ အထင်သေးစေအာင်၊ ကွဲအောင်လုပ်တာဖြစ်တယ်။ ၂ဝ၁၅ ရွေးကောက်ပွဲ မဲအတွက်နဲ့ မထောက်ခံသူတွေကို လူပြိန်းတွေနဲ့ ရန်တိုက်ပေးဘို့ ရည်ရွယ်တဲ့ ဥပဒေသာဖြစ်တယ်။
• ရိုးရှင်းကြတဲ့ မဲပေးသူလူထုက ဥပဒေကိုဇွတ်လုပ်နေသူတွေထင်သလောက် မညံ့ကြပါ။

ဒေါက်တာတင့်ဆွေ
၁၉-၅-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး