Lung cancer therapy is milestone အဆုပ်ကင်ဆာကုသနည်းမှတ်တိုင်

စမ်းသပ်မှုအသစ်တခုရဲ့ရလဒ်အရဆိုရင် အဆုပ်ကင်ဆာကုသနည်းကနေ အသက်ရှင်နိုင်မှုနှစ်ဆရှိနိုင်မယ်ဆိုတဲ့သတင်းကို လွန်ခဲ့တဲ့နာရီပိုင်းက ထွက်လာပါတယ်။

Nivolumab ဆေးကနေ ကင်ဆာဆဲလ်တွေကနေ ကိုယ့်ခုခံစနစ်မသိအောင် ပုန်းအောင်းနေမှာကို ရပ်ပြစ်နိုင်မယ်လို့ ဆိုပါတယ်။ အမေရိကနဲ့ ဥရောပက အဆုပ်ကင်ဆာလူနာပေါင်း ၅၈၂ ယောက် American Society of Clinical Oncology အမေရိကန်ကင်ဆာအဖွဲ့အစည်းကနေ သုတေသနလုပ်ခဲ့တာပါ။ သူတို့နိုင်ငံမှာ အဆုပ်ကင်ဆာကြောင့် နှစ်စဉ်လူ ၁့၆ သန်း သေနေရပါတယ်။

ကင်ဆာဖြစ်လာရင် ပရိုတင်းတမျိုးထုတ်တယ်။ PD-L1 ခေါ်တယ်။ သူတို့ကနေ ခုခံမှုစနစ်ကိုပိတ်ပင်ထားလို့ ခံနိုင်ရည်မရှိ ဖြစ်စေတယ်။ Nivolumab ဆေးသစ်ကို checkpoint inhibitors ချက်ပွိုင့်တာဆေးလို့တင်စားခေါ်နိုင်တယ်။

သုံးနေကြဆေးတွေကနေ အသက်ရှင်နှုန်း ၉့၎ လသာရှိတယ်။ ဆေးအသစ်ပေးသူတွေဟာ ၁၂့၂ လ အထိ ရှင်နိုင်ကြတာ တွေ့ရှိလာရတယ်။ တချို့လူနာတွေက ၁၉့၎ လအထိရှင်တာလည်းရှိတယ်။ စမ်းသပ်မှုအဆင့် (၃) ရောက်နေပြီ ဖြစ်ပါတယ်။ Nivolumab ဆေးကို melanoma ခေါ်မှဲ့ကင်ဆာအတွက် အသိအမှတ်ပြုထားပြီးဖြစ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၉-၅-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး