New Imaging Method Detects Liver Cancer

MRI ခေါ်တဲ့ သံလိုက်အားသုံးပုံဖေါ်နည်းသစ်ကနေ အသည်းကင်ဆာရှိနေတာကို အစောဆုံးသိနိုင်မယ်လို့ဆိုပါတယ်။ ဓါတ်ရောင်ခြည်လည်းမသုံးပါ။

လက်ရှိသုံးနေတဲ့ Magnetic resonance imaging (MRI) contrast ဆိုတာကနေ အင်္ဂါအစိတ်အပိုင်းတခုရဲ့ သတ်မှတ်ထားတဲ့ (တစ်ရှူး) ခေါ်အသားစကို ပိုဖေါ်ရိုက်ယူမှာ ဖြစ်ပါတယ်။ ဒါပေမယ့် MRI contrast နည်းသုံးတဲ့အခါ ကင်ဆာကိုအစောကြီးသိဘို့ မလွယ်ပါ။ သွေးလှည့်ပတ်မှုအချိန်ကို ထိန်းမရလို့ရယ် relaxation rate ခေါ်တဲ့ ဖြေလျော့ခြင်းနှုန်း (သို့) sensitivity အာရုံခံနိုင်စွမ်းကြောင့် ဒါမှဒါဆိုတာကို သိဘို့ခက်တာကြောင့် ဖြစ်ပါတယ်။ 

အခုတော့ ဆေးသုတေသနလုပ်သူတွေကနေ protein-based contrast agents (PRCAs) ခေါ်တဲ့ (ပရိုင်း) အခြေခံနည်းကို သုံးပါမယ်။ ဒီနည်းကနေ အသည်းကင်ဆာနဲ့ တခြားအသည်းရောဂါတွေကို ပိုပြီးစောစော သိလာနိုင်ပါလိမ့်မယ်။ အသည်းကင်ဆာအကျိတ် 0.25 millimeters ထက်ငယ်သေးတာကိုပါတွေ့မယ်။

အမေရိကန်ပြည်ထောင်စု ဂျော်ဂျီယာပြည်နယ် တက္ဏသိုလ်က သုတေသနကိုဦးဆောင်သူ ပါမောက္ခ Jenny Yang (ဂျယ်နီယန်း) ကပြောတာက အသည်းကင်ဆာဟာ အသည်းမူလကင်ဆာဖြစ်ဖြစ် တနေရာကနေ ပြန့်လာတဲ့ကင်ဆာ ဖြစ်ဖြစ် နောက်ကျမှသိရလို့ သေဆုံးမှုများနေတယ်။ အသည်းအကျိတ်ကို ၁ စင်တီမီတာ လောက်ရှိမှသာ စမ်းတွေ့နေရလို့ ဖြစ်တယ်လို့ဆိုပါတယ်။ သုံးနေရတဲ့ contrast agents ဓါတ်ပစ္စည်းတွေက အသည်းထဲကနေ မြန်မြန်ကြီးထွက်သွားကြလို့ အရည်အသွေးရှိတဲ့ပုံတွေဖေါ်ဘို့ ခက်ခဲပါတယ်။ နည်းသစ်မှာ နှစ်ဆတိကျပါမယ်။ ဓါတ်ပစ္စည်းသစ်ကနေ အသည်းသာမက ကျောက်ကပ်နဲ့ သွေးကြောတွေကိုပါ ပုံဖေါ်နိုင်ပါမယ်။

ဒေါက်တာတင့်ဆွေ
၁၆-၅-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး