Cervical Cancer New Guidelines သားအိမ်အဝကင်ဆာဆေးစစ်ခြင်း အသစ်ပြဋ္ဌာန်းချက်

၁။ Ai Khaing ၂၆ နှစ်ကျော်ရင်မရဘူးလားဆရာ။
Tint Swe စာထဲမှာပါပါတယ်။

၂။ Kay Zin Min Naing သမီးက ကလေး၂ ယောက်မွေးထားပါတယ်။
အသက် ၃၄ ကာကွယ်ဆေးထိုးသင့်လားဆရာ။
Tint Swe စာထဲမှာ ပါပါတယ်။

၃။ Zar Aung ဆရာရှင့် အသက် ၃၂ ဖြစ်နေတဲ့အတွက် ထိုးရန်သင့်မသင့် သိပါရစေဆရာ။
Tint Swe စာထဲမှာ ပါပါတယ်။

၎။ Myat Cho Soe သမီးက ၃၆ နှစ်ပါ။ အခုဆေး ၃ လုံးထိုးပြီးပါပြီ။ ဘယ်နှစ် နှစ်ကျရင်ပြန်ထိုးရမှာလဲ သိချင်ပါတယ် ဆရာရှင့်။

Screening for cervical cancer သားအိမ်ဝကင်ဆာ စစ်ဆေးခြင်း
အမျိုးသမီးတွေမှာ ဒုတိယအများဆုံးဖြစ်တဲ့ သားအိမ်ဝကင်ဆာဆိုတာ HPV (16, 18, 31, 33) ဗိုင်းရပ်စ်အမျိုးအစားတွေ ကူးစက်တာခံရပြီးနောက်မှာ ဖြစ်လာတာလို့ ယုံကြည်ရတယ်။ တကမ္ဘာလုံးမှာ နှစ်တိုင်း လူနာသစ် ၅ သိန်းတွေ့နေရတယ်။ ဒါကြောင့် စောစောစီစီးသိအောင် မဖြစ်မနေစစ်ဆေးနေသင့်တယ်။ Cervical dysplasia ဆိုတဲ့ အဆင့်မှာသိရရင် သိပ်ကောင်းတယ်။ သားအိမ်ဝကင်ဆာ စမ်းတာကို Papanicolaou (Pap) smear ခေါ်တယ်။ ဒါစမ်းရင်းနဲ့ သားအိမ်ဝမှာ တခြား ဖြစ်နေတာကိုလဲ သိနိုင်သေးတယ်။ Pap smear မလုပ်နိုင်တဲ့နေရာတွေမှာ မျက်စိနဲ့စစ်ပြီး၊ acetic acid ဒါမှမဟုတ် Lugol iodine နဲ့ စမ်းတာလဲ အကျိုးရှိတယ်။ လိင်ကတဆင့်ကူးစက်ရောဂါရှိတဲ့ အမျိုးသမီးတွေကို အရွယ်မရွေး Pap smear စမ်းသင့်တယ်။ များများစားစားတွေ့တာတော့ မဟုတ်ပါ။

Pap Smear (Pap Test) သားအိမ်အဝကင်ဆာ ဆေးစစ်တာကို အရင်ကပြောသလောက် တခါနဲ့တခါ နီးကပ်စရာ မလိုပါလို့ ၂ဝ၁၂ မတ်လမှာ ထုတ်ပြန်ချက်အသစ်တခု ထွက်လာပါတယ်။ တိတိကျကျပြောရရင် အသက် ၃ဝ နဲ့ ၆၅ နှစ်ကြား အမျိုးသမီးမှာ အရင်စစ်ထားတဲ့ Pap Test နဲ့ HPV Test တွေက ကောင်းနေရင် အရင်ကလို ၃ နှစ်တခါ မဟုတ်တော့ဘဲ၊ ၅ နှစ်မှသာတခါ စစ်ဘို့လိုပါမယ်။

• တကယ်လို့ Pap test တခုထဲသာ အားကိုးသူဆိုရင်တော့ ၂ဝဝ၃ ကတည်းကပြဋ္ဌာန်းထားခဲ့သလိုဘဲ၊ ၃ နှစ်တခါ စစ်ရပါမယ်။
• အရင် USPSTF guidelines လမ်းညွှန်ချက်အရ အမျိုးသမီးတိုင်း အသက် ၂၁ နှစ်ရောက်ရင် ဒါမှမဟုတ် လိင်မှုကိစ္စ တက်ကြွလာတဲ့အသက်နောက် ၃ နှစ်အတွင်း (ဘယ်ရက်ကစောစော) သားအိမ်ကင်ဆာအတွက် ဆေးစစ်ဘို့ ဖြစ်တယ်။
• ကံကောင်းတာက အသက် ၂ဝ ကျော်စ မိန်းကလေးတွေမှာ HPV infections ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပေမဲ့ ဆေးမကုဘဲလဲ ပျောက်သွားနိုင်ကြတယ်။
• အသက် ၆၅ နှစ်ကျော်ရင် နောက်ဆုံး စမ်းတုံးက Pap tests ၃ ခါဆက်တိုက်၊ HPV tests ၂ ခါဆက်တိုက် အနုတ်ပြတယ်ဆိုရင် နောက်ထပ် ၁ဝ နှစ်အတွင်းမှာ ဆေးစစ်စရာ မလိုတော့ပါ။
• အမျိုးသမီးကြီးတွေမှာ Advanced precancer ကင်ဆာမဖြစ်ခင်အဆင့်လို့ ဆေး-ရာဇဝင် ရှိထားရင်တော့ အနှစ် ၂ဝ ကြာ ဆေးဆက်စစ်ရပါမယ်။
• တကယ်လို့ သားအိမ်ထုတ်တုံးက သားအိမ်အဝကိုပါ ထုတ်ထားရသူဆိုရင်၊ နောက်ပြီး ဆေးစစ်ချက်တွေကလဲ ရှင်းနေသူဆိုရင်တော့ ဆေးစစ်ဘို့ မလိုတော့ပါ။
• လမ်းညွှန်ချက်ထဲမှာ အရင်ကဖြစ်ဘူးရင်၊ ဒါမှမဟုတ် Diethylstilbestrol (DES) (အီစထိုဂျင်) ဆေး ရဘူးထားရင်၊ ဒါမှမဟုတ် HIV ခုခံအားကျနေသူဖြစ်ရင် ဆေးစစ်တာ ပိုနီးကပ်ရပါမယ်။

(ပက်ပ်-တက်စ်) ဆိုတာ အလွန်အောင်မြင်တဲ့ စမ်းသပ်နည်းတခုဖြစ်တယ်။ အစမ်းခံရတာ မနာဘူး။ ထုံဆေးသုံးပါတယ်။ သားအိမ်အဝကို ဂွမ်းစလေးနဲ့သုတ်ယူတာသာ ဖြစ်တယ်။

မကောင်းတာလေး နည်းနည်းတွေ့တယ်လို့ဆိုရင် ဆေးထပ်စစ်ရမယ်။ လိုအပ်ရင် Colposcopy ကရိယာနဲ့ကြည့်မယ်။ လိုသေးရင် Biopsy အသားစလေးဖြတ်ယူပြီး စစ်မယ်။ Precancerous abnormal cells တွေ့နေရင် ထုတ်ပြစ်ပေးမယ်။ ဖျက်ဆီးပေးမယ်။

တခါတလေ Pap test သာမကဘဲ HPV DNA Test ကိုလည်းလုပ်မယ်။ High-risk forms of HPV ပိုးအမျိုးအစားကို ခွဲခြားတာဖြစ်တယ်။ ကင်ဆာဖြစ်စေတဲ့အကောင်လား သိချင်လို့ပါ။ အသက်မငယ်သူတွေကို လုပ်တာများတယ်။ Pap test က မူမှန်တာတွေလို့လဲ အရွယ်ငယ်ငယ်ကြီးကြီး လုပ်မယ်။

Biopsy (ဘိုင်အော့ပ်စီ) အသားစ ဖြတ်ယူစစ်ဆေးနည်းနဲ့ ရောဂါကို သေခြာစေရတယ်။ Cervical tissue သားအိမ်အဝက (တစ်ရှူးစ) ကိုစစ်တာပါ။ ပုံမှန် (ဆဲလ်) တွေလား၊ Precancerous cells ကင်ဆာမဖြစ်ခင် (ဆဲလ်) တွေလား၊ Cancer cells ကင်ဆာ-ဆဲလ်တွေလား မှန်ဘီလူးနဲ့ စစ်တယ်။ မေ့ဆေးလိုတယ်။

ကိုးကားချက်။ Management of Sexually Transmitted Infections Regional Guidelines (WHO) 2011

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး