Solitaire ဖဲချပ်နိုင်ငံရေး

အစိုးရသတင်းစာ အားကိုးရပါသလားကိုတင်တော့ ကိုယ့်ထက်မြင်သူတွေကရေးလာကြတယ်။ မယုံကြည့်နေပါဆရာ  တရုပ်တွေကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးမှာတဲ့။

ဒီအစိုးရတက်ကာစ တရုပ်ဖဲတချပ်နဲ့စလာခဲ့တာ အမှတ်ရကြမယ်။ မဆင်းခင် တရုပ်မာကျောက်ကစားအုံးမှာပဲ။

မြန်မာပြည်သားမှန်ရင်တော့ အကုန်ထောင်ထဲထည့်မယ်။ မယားနေစ ကြောင်သေမှ။ ရွေးကောက်ပွဲအစ အရပ်သားသေမှ။ နိုင်ငံခြားသားဆိုရင် တရုပ်-ကုလား ပစားပေးပါလိမ့်မယ်။

အဲလိုပါတီမျိုး မဲပေးရွေးကြအုံးမှာလားဗျာ။

ဒေါက်တာတင့်ဆွေ
၂၃-၇-၂ဝ၁၅

အစိုးရသတင်းစာ အားကိုးရပါသလား

တရားမဝင်သစ်ခိုးခုတ်သူ တရုပ်နိုင်ငံသား ၁၅၅ ယောက်ကို ကြီးလေးတဲ့ပစ်ဒဏ်တွေချမှတ်တဲ့အပေါ် တရပ်အစိုးရအာဘော် ဂလိုဘယ်လ်တိုင်းမ် သတင်းစာအယ်ဒီတာအာဘော်မှ မျှတမှုမရှိလို့ရေးသားလိုက်ပါတယ်။ နှစ်နိုင်ငံအစိုးရကြား ဆက်ဆံရေးကနေ မျှတမှုရှိအောင်လုပ်ဆောင်နိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ရေးသားထားပါတယ်။

မကြာသေးခင်က မြန်မာနိုင်ငံသား မီဒီယာသမားတွေကိုလည်း ကြီးလေးတဲ့ပြစ်ဒဏ်တွေချမှတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံသားတွေဖက်ကနေ အဲလိုပြောပေးမဲ့ အစိုးရသတင်းစာ မရှိပါ။ အားကိုးစရာ အစိုးရဆိုတာလည်းမရှိပါ။ အဲလိုအစိုးရကို မဲပေးရွေးကြအုံးမှာလားဗျာ။

ဒေါက်တာတင့်ဆွေ
၂၂-၇-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး