Life expectancy

ရန်ကုန်မှာနေတဲ့ တူမတယောက်က ရေးထားတယ်။ ရန်ကုန်မြို့ရဲ့ မိုးကောင်ကင်ပေါ်မှာရှိတဲ့ မိုးရွာမဲ့တိမ်တွေကို Cut လုပ်ပြီး (ညောင်ကန်) ရွာကမိုးကောင်းကင်ပေါ်ကို Paste လုပ်လိုက်ချင်တယ်တဲ့။

အေ့း့ ငါလည်း ဒီမြို့ကလုံခြုံမှုနဲ့ အသက်ရှင်နေနိုင်မှုတွေကို ရန်ကုန်ပေါ်မှာ ကော်ပီ-အင်-ပေ့စ် လုပ်လိုက်မယ်။

မနေ့က ကျွန်တော် မကြာခင်မှာတာဝန်ယူစရာရှိတဲ့ ဆေးရုံ-ဆေးခန်းတခုရဲ့ ဘုတ်အဖွဲအတွက် စကားပြောဖြစ်တယ်။ သူကအရင် အဲဒီတာဝန်ကိုယူခဲ့တဲ့ မြန်မာပြည်သား ဒီမှာကြီးပြင်းပြီးပညာသင့်ခဲ့တယောက်ဖြစ်တယ်။ သူနာပြုဝိဇ္ဇာဘွဲ့ ရပြီးသား။ မဟာဝိဇ္ဇာဘွဲ့ဆက်တက်နေသူဖြစ်ပါတယ်။ ဆရာ အမေရိကနဲ့ ကျွန်တော်တို့ဗမာပြည် ကွာခြားချက်လေး တခုတည်းပြောပါဆိုရင် လူတွေအသက်ရှင်နှုန်းပါ။ မြန်မာပြည်နဲ့ နှစ်ပေါင်း (၂ဝ) လောက်ကွာခြားတယ်တဲ့။

သူကတော့ လက်တန်း ကိန်းဂဏန်းကို ကိုးကားပြောတာပါ။ ၂ဝ၁၂ စာရင်းဝင်ကိန်းဂဏန်းတွေက ဒီလိုရှိပါတယ်။

Life expectancy လူတဦးအသက်ရှင်နေနိုင်မယ်လို့ မျှော်မှန်းနိုင်တဲ့နှစ်
• မြန်မာ = ၆၄့၉၃ နှစ်။
• ကမ္ဘောဒီယား = ၇၁့၄၁ နှစ်။
• ထိုင်း = ၇၄့၁၉ နှစ်။
• တရုပ် = ၇၅့၂ဝ နှစ်။
• ယူအက်စ်အေ = ၇၈့၇၄ နှစ်။
• ယူကေ = ၈၁့၅ဝ နှစ်။

ဒေါက်တာတင့်ဆွေ
၁၆-၇-၂ဝ၁၅

Comments