Differently-abled people တမျိုးတဘာသာ ထူးခြားစွာစွမ်းဆောင်နိုင်သူများ

ဖေ့စ်ဘွတ်မှာ မဖြူဆိုတဲ့မိတ်ဆွေတယောက်က ဒီလိုရေးတယ်။

"လကွယ်ညသန်းခေါင်ယံအလယ်မှာ မဟူရာကျောက်ရိုင်းတုံးကို လူတကာ ကောက်ခိုင်းအုံးတော့ ရှာလို့ တွေ့ချင် တွေ့ပါလိမ့်မယ်" တဲ့။

ဒါနဲ့ ကျွန်တော်က ဒီလိုပြန်ရေးလိုက်ပါတယ်။

မမြင်ရဘူးဆိုတိုင်း အထင်မသေးနဲ့နော်။ မြို့သာမှာ တိုက်နယ်ဆရာဝန် လုပ်ရတုံးကပေါ့။ ဦးထွန်းသိန်းဆိုတဲ့ မျက်မမြင်တယောက်ရှိတယ်။ ညပိုင်း အိမ်လည်ထွက်တိုင်း ရေနံဆီမီးခွက်ကို သွပ်ပုံလေးနဲ့ ဆွဲသွားလေ့ရှိတယ်။

"ဟာ့ ဖိုးထွန်းသိန်း မျက်စိမမြင်တဲ့လူ ညကြီး မီးလိုသလား"။

"အေ့း့ ငါကတော့ ငါ့လမ်းငါသွားတတ်တယ်။ မျက်စိကောင်းတဲ့လူတွေက ငါ့ဝင်တိုက်မှာစိုးလို့" တဲ့။

ဒေါက်တာတင့်ဆွေ
၁၃-၁-၂ဝ၁၄

Comments

Popular posts from this blog

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး