Scoring အမှတ်ပေးနေတယ်

NLD တွေကို ပြောစရာတွေ့လည်း ပြောနေကြမို့ စိတ်တော့မရှိကြပါနဲ့။ NLD နဲ့ USDP က ပြောင်းပြန်တဲ့။ ပါတီမူဝါဒ ပြောကြတာမဟုတ်ပါ။
USDP ပြည်ခိုင်ဖြိုးမှာ ထိပ်ကလူကြီးတွေကိုမကြိုက်တဲ့ပြင် မုန်းတောင်မုန်းကြသတဲ့။ အောက်ခြေကလူတွေကတော့ ဆက်ဆံရေးမဆိုးသူတွေရှိသတဲ့။ NLD မှာ ခေါင်းဆောင်ပိုင်းကို ပြောစရာမရှိပေမယ့် အောက်ခြေမှာ ဆောင့်ကြွားကြွားတွေက များသတဲ့။
သတိထားဖို့က USDP ကဆိုးပြီးသားဆိုတော့ ကောင်းတာလေးတကွက်လောက်တွေ့ရင် (၁ဝ) မှတ်လောက် တက်သွားတယ်။ NLD က အကောင်းဖက်မှာထားပြီးသားမို့ အဆိုးလေးတကွက်တွေ့တာနဲ့ (၁ဝ) မှတ်လောက် အလျှော့ခံရတယ်။ အဲတာကလူ့ထုံးစံ။
ကျွန်တော်ကတော့ အားပေးတာ မလျှော့ပါ။ ထောက်ခံတာ မပြော့ပါ။ ပြောစရာရှိရင်တော့ ပြောပါရစေ။ ပြင်စရာရှိတာသိလို့ ပြင်ရင်ကောင်းသွားတာပဲ။

ဒေါက်တာတင့်ဆွေ
၂ဝ-၇-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး