Glimpses of History of Burma ဆရာဝန်ထံ ပေးစာတစောင်

နေရူးကနေ သူ့သမီး အင်ဒီရာဂန္ဒီဆီကိုရေးတဲ့စာတွေက သမိုင်းတွင်ခဲ့တယ်။ ၁၉၃၄ မှာရေးခဲ့တဲ့ Glimpses of World History လျှပ်တပြက်ကမ္ဘာ့သမိုင်းစာအုပ်ကလည်း သူ့သမီးဆီကိုရေးတဲ့ အထင်ကရစာအုပ်ဖြစ်ပါတယ်။ ကျွန်တော့်ဆီကို ဖေ့စ်ဘွတ်ဖရင်းတွေက ရေးတဲ့စာတွေကိုလည်း မြန်မာ့သမိုင်းမှာ တင်ပါရစေ။

မင်္ဂလာပါဆရာ။ ကျွန်မ အသက် ၃၃ နှစ် သူနာပြုတစ်ဦးပါဆရာ။ ကျွန်မ နိုင်ငံရေးကို ထဲထဲဝင်ဝင် မသိပါဘူးဆရာ။ ဒါပေမယ့်  ကောင်းကျိုးဆိုးကြိုးတွေကိုတော့ စဉ်းစားတက်ပါတယ်ဆရာ။ မြန်မာနိုင်ငံအစိုးရရဲ့ ပြည်သူတွေပေါ် လက်တစ်လုံးခြား လှည့်ကွက်တွေကို ခံစားနေရပါတယ်ဆရာ။ နိုင်ငံရေးလှည့်ကွက်တွေက ကျွန်မတို့ပြည်သူတွေပေါ် သက်ရောက်နေပါတယ်။ အစိုးရကြောင့် အစိုးရဝန်ထမ်းတွေက ပြည်သူတွေရဲ့ ချဉ်ဖက်ဖြစ်လာပါတယ်ဆရာ။ ပြည်သူတွေကရော ဝန်ထမ်းတွေကပါ အစိုးရလုပ်ဆောင်ချက်တွေကို သေချာတွေးခေါ် လက်ခံစေချင်ပါတယ်။

ကျွန်မပတ်ဝန်းကျင်မှာ ရှိနေတဲ့ ပညာတက်ပါတယ်ဆိုတဲ့ လုပ်ဖေါ်ကိုင်ဖက် ဝန်ထမ်းတွေရဲ့ ရေရှည်နဲ့ ယခင်အခြေနေ လက်ရှိအခြေနေတွေကို ချင့်ချိန်နိုင်တာတွေမရှိပါဘူး။ ဥမမာ သမတကြီးက လူကောင်းပါ ပြုပြင်ရေးတွေကို လုပ်နေပေမယ့် ဦးဏှောက်မရှိတဲ့သူတွေက လိုက်ပြီးကန့်လန့်တိုက်နေကြတယ်စတဲ့ အပြောတွေကြားရတဲ့အခါ ဒေါ်အောင်ဆန်းစုကြည် သာ သမတဖြစ်ရင် ကုလားတွေမြန်မာပြည်တွင်းခေါ်သွင်းလိမ့်မယ်၊ မျိုးစောင့်ဥပဒေ ကန့်ကွက်ရအောင် သူက ကုလားနဲ့ ဘာတော်လည်း စတဲ့စကားတွေ ကြားရတိုင်း စိတ်ဆင်းရဲရဲသွားတယ်ဆရာ။

ကျွန်မနိုင်ငံရေးကို သိပ်မသိပါဘူးဆရာ။ ထက်မြတ်တဲ့သူလည်းမဟုတ်ပါဘူး။ ဒါပေမယ့် ဦးသိန်းစိန် ဘာကြောင့် ဝေဖန်ခံရတာလဲ ကျွန်မစဉ်းစားမိတယ်။ သူသည် စစ်အစိုးရကနေ ယူနီဖေါင်းချွတ်ပြီး သမတဖြစ်လာသူဖြစ်တယ်။ မြန်မာနိုင်ငံကို ဆင်းရဲမွဲတေပြီး လူတွေအသိဥာဏ်ကို ပိတ်ပင်ခဲ့ပြီး ကိုယ်ကျိုးပဲကြည့်တဲ့လူတန်းစားထဲက ဆင်းသက်လာသူ ဖြစ်တယ်။ ဂင်းဝစ်ခ်ျစံချိန်ဝင်တဲ့ဆုတွေရရှိထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတွေးခေါ်လုပ်ရပ်တွေကို ဘာလို့ မမြင်ကြသလဲ စဉ်းစားမိပါတယ်။

ကျောက်တန်းမှာဖွင့်မယ့် ကျောက်မီးသွေးစက်ရုံအကြောင်းကို ကြားတဲ့အခါ ပြည်သူတွေ ဆင်းရဲရတဲ့ကြားထဲမှာ နာတာရှည်ရောဂါတွေ ဖြစ်လာတော့မယ်ဆရာ။ ကျွန်မတို့ ဒါကိုပြုပြင်ပြောင်းလဲဖို့ ဘာလုပ်သင့်လဲဆရာ။ နိုင်ငံရေး ကျွမ်းကျင်သူတွေ သုံးသပ်တဲ့ တရုတ်က ကျောက်မီးသွေးစက်ရုံတွေ ပိတ်သိမ်းပြီးတဲ့အခါ အဲဒီစက်ရုံတွေ မြန်မာပြည် ရောက်လာတော့မယ်ဆိုတဲ့အကြောင်း ဖတ်ဖူးပါတယ်ဆရာ။ ဒါပေမယ့် ဒီလာက်မြန်မြဲန်ဆန်ဆန်ရောက်လာလိမ့်မယ်လို့ မထင်ပါဘူးဆရာ။ သမတကြီးက ကျောက်မီးသွေးစက်ရုံတွေဟာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိပဲ စက်ရုံ လည်ပတ်နိုင်တဲ့အကြောင်း မီးခိုးမထွက်ဘဲ စက်ရုံလည်ပတ်နိုင်တဲ့အကြောင်းတွေကို ဖွင့်ပွဲနေ့မှာ ပြောသွားတာတွေကို ဖတ်လိုက်ရတဲ့အခါ ဘာကိုမှန်းမသိဘူး မောသွားတယ်ဆရာ။ လုပ်ရက်တယ်လို့လဲ တွေးမိပါတယ်ဆရာ။

ကျွန်မ မနေနိုင်လို့ ကျွန်မဆရာမတွေကို ပြောပြမိတဲ့အခါ သနားစရာပါလားဆိုတဲ့ လှောင်ပြုံးကို လက်ခံရရှိပါတယ်ဆရာ။ စုတ်ပြတ်သတ်နေတယ်လို့ အများက သတ်မှတ်ထားတဲ့ ကျွန်မတို့ တိုင်းပြည်မှာပဲ ကုပ်ကပ်သပ်ပြီးနေရမလား။ ကျွန်မ အမျိုးသားရှိရာ့ ကိုပဲ လိုက်သွားရတော့မလား မသိတော့ပါဘူးဆရာရယ်။ တစ်ခုသေချာတာက ကျွန်မ ပြည်သူတွေကို ကျွန်မတို့မျိုးဆက်တွေကို ကောင်းမွန်တဲ့ပတ်ဝန်းကျင် အုပ်ချုပ်မှုအောက်မှာ ရှိနေစေချင်ပါတယ်။ ကျွန်မပညာအများကြီး မတက်ပါဘူး။ လုပ်နိုင်စွမ်းလည်းမရှိပါဘူး။ ဒ့ါပေမယ့် မြန်မာပြည်သူနဲ့ မြန်မာပြည်ကို ဒီထက် မနစ်နာစေချင်တော့ပါဘူး ဆရာ။ ကျေးဇူးးတင်ပါတယ်ဆရာ။ ရင်ဖွင့်စာပါ။

ဒေါက်တာတင့်ဆွေ (စာလက်ခံရရှိသူ)
၁၄-၇-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး