Misguided Nation အဘတို့ခေတ်

အဘအရွယ်တွေတောင် အဘလို့မခေါ်ရတော့ဖူးလားလို့တယောက်နဲ့ သမီးလို့သာသုံးချင်သူတယောက်ကနေ ရေးပါတယ်။ ကျွန်တော့်လျှောက်လဲချက်ပို့ပြီး တခဏအတွင်းမှာ အဘအတွက်မေးသူက သူ့ကွန်မင့်ကို သူကိုယ်တိုင် ဖျက်သွားလို့ အများကြီးကျေးဇူးတင်ပါတယ်။ မနေ့ညကလည်း အဲလိုအသိသူ ၂ ယောက်ရှိထားသေးတယ်။

မြန်မာ့ယဉ်ကျေးမှုနဲ့အညီ ဘယ်လိုသုံးနှုံးခေါ်ပြောတာတွေက သင့်တော်ကြောင်းကို ရေးဖူးပါတယ်။ အမျိုးတွေ၊ ရင်းနှီးသူတွေအချင်းချင်း ကြိုက်သလိုခေါ်ကြတာ ဘာမှပြောစရာမရှိပါခင်ဗျား။

ကျွန်တော်ကို အကို၊ ဦးလေး၊ အဘလို့ခေါ်တာနဲ့ ကိုယ်ကိုယ်ကို သား၊ သမီးလို့ရေးတာတွေဟာ အခက်အခဲတွေ ဖြစ်စေပါတယ်။ ကိုယ့်ကိုယ်ကို သားလို့ရေးရင် ရေးတဲ့သူလား၊ သူ့သားလား စဉ်းစားရတယ်။ ကိုယ့်ကိုယ်ကို သမီးလို့ ရေးသူဆိုရင် ရေးတဲ့သူလာ၊ သူ့သမီးလား၊ စဉ်းစားရတယ်။ သမီးရဲ့သမီးလို့ရေးရင် သူ့ (မြေး) လား စဉ်းစားရတယ်။ နမူနာစာတွေ အများကြီးရှိတယ်။

အဘလို့ရေးတာကိုတော့ မသတီပါ။ အကြိမ်ပေါင်း ၅ဝ လောက်ရေးရပြီးပြီ။ အဘဆိုတာ စစ်အစိုးရထဲကလူကြီးတွေကို ခေါ်ကြတယ်၊ တပ်ရင်းမှူးကိုခေါ်ကြတယ်။ နိုင်ငံရေးလုပ်သူတွေကို ဖမ်းဆီးနှိပ်စက်ထောင်ချခဲ့သူကိုယ်တိုင်က ထောင်ကနေလွတ်လာတော့ သူ့ကိုယ်သူ အဘတဲ့။

စစ်အစိုးရကနေ အဘခေါ်နည်းနဲ့ လက်အုပ်ချီနည်းသင်ပေးထားတယ်။ လူငယ်လူရွယ်တွေမှမဟုတ်ပါ။ ရေဘေးသင့် ဒုက္ခသည်အဖွါးကြီးတွေက သမတကိုလက်အုပ်ချီနေကြတာတွေတော့ စိတ်မကောင်းခြင်းကြီးစွာဖြစ်ရပါတယ်။

လိုနီခေတ်မှာ ဆင်းရဲကြတဲ့တောင်သူလယ်လုပ်တွေကို ငဘလို့ခေါ်တယ်။ စစ်အစိုးရခေတ်မှာ ဆင်းရဲသူတွေကို ကျွန်ပြုသူတွေက အဘလို့သင်ပေးထားတယ်။ သခင်နဲ့ကျွန်ဆက်ဆံရေးမှာ အုပ်ချုပ်ရေးအရ အဲလိုဆက်ဆံရတယ်။

ဆရာဝန်နဲ့လူနာဆက်ဆံရေးမှာ အုပ်ချုပ်ရေးသဘောမရှိပါ။ ဆရာနဲ့ ကျနော်-ကျမသာ လိုအပ်တယ်။

ဒေါက်တာတင့်ဆွေ
၂၄-၇-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ