Respected monks and nuns လှူလည်းလှူ ယူလည်းယူ

ရေဘေးသွားကူကြတဲ့ မုံရွာကလူတွေကရေးတယ်။ ဒီနေ့တော့ မိုးကအဆက်မပြတ်ရွာ ထမင်းစားဖို့ကလည်း အဆင်မပြေတော့ သီလရှင်ကျောင်းသွားပြီး ထမင်းစားကြတယ်တဲ့။

ကျွန်တော် ဆရာဝန်ဖြစ်ကလည်းက ဘုန်းကြီးနဲ့ သီလရှင်တွေကို ကိုယ်ပိုင်အချိန်မှာ ဆေးကုပေးရရင် အခကြေးငွေမယူပါ။

စစ်ကိုင်းဆေးရုံမှာတာဝန်ကျတုံးက ဘုန်းကြီးနဲ့ သီလရှင်တွေကိုဆေးကုရတော့ ပိုက်ဆံမယူပါ။ မယူတော့ပိုရတယ်။ ထမင်းလည်းကောင်းကောင်းစားရတယ်။ လှူဖွယ်ထဲက စွန့်ကြဲတာတွေလည်းရတယ်။

ညနေဆေးခန်းချိန်ပြီးတာနဲ့ စစ်ကိုင်းတောင်ရိုး ဒိုးတော့တာပဲ။ တခါတလေကားမောင်း၊ တခါတလေမြင်းလှည်းနဲ့ဂျောင်း။

အဲဒီကာလမှာ ကိုးကွယ်ဖို့ရာ ရွေးနေစရာမလိုဖူး။ ရွှေကျင်နဲ့ သုဓမ္မာ ကြည်ညိုဖွယ်ရာချည်းပါ။

ဒေါက်တာတင့်ဆွေ
၂၆-၇-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး