Thank you very much ဧတဒဂ်ဘွဲ့ရလူကြုံ
Sannyae Kyi ဒီနေ့လက်ဖက်စားဖြစ်တယ်။ ဆရာ့ကိုသတိရပါတယ်။ ဒီပို့စ်ကိုဖတ်ပြီးတော့ စိတ်မကောင်းလည်း ဖြစ်ရပါတယ်။
စိတ်မကောင်း မဖြစ်ပါနဲ့။ ဗမာပြည်က အငွေ့အသက်မှန်သမျှ လွမ်းရသလို မစားရတာလည်း မရှိသလောက်မို့ ဆရာက ကံကောင်းပါတယ်။
May Hnin Mu လိပ်စာလေးပေးထားပါဆရာ။ လူကြုံရှိရင်ထည့်ပေးလို့ရအောင်။
နေပါစေ။ ကျေးဇူးတင်တယ်။ (ပုဂံ-ညောင်ဦးကဆိုတာသိရလို့) ပုဂံဘုရားတွေမှာသာ ဆုတောင်းပေးပါ။ ငယ်သူငယ်ချင်းကို ပြောလိုက်သလိုပေါ့။ အေ့း့ ငါ့နိုင်ငံရေး ကံမကောင်းသေးတာအတွက်တော့ မင်း နေ့တိုင်း ဆုတောင်းပေးရမယ်နော်လို့။
Shwe Poht ဆရာ့ဘက်ကလိပ်စာပေးပြီး comment ဝင်ရေးတဲ့လူတွေထဲမှာတော့ တစ်ယောက်မဟုတ်တစ်ယောက်တော့ ပို့လို့ရမယ့်နည်းလမ်းကို ဝင်ရေးပေးနိုင်မယ် ထင်ပါတယ်။ ကျမလည်း ဆရာ့အတွက် မြန်မာအစားအစာ ပို့ပေးချင်ပါတယ်။ ဆရာလည်း ဆရာစားချင်တဲ့ အစားအစာ၊ အဲ့ဒီမှာရှားတဲ့အစားအစာကို ပြောပြပေးချင်ပါတယ်။ ဆရာက ကျမရဲ့ အသက်သခင်ကျေးဇူးရှင်ပါ။ (နှစ်ကြိမ်တိုင်တိုင် ကယ်တဲ့ခဲ့တဲ့ဆရာပါ။)
လူကြုံလည်း ရှိတတ်ပါတယ်။ တနေ့ကပြန်လာတဲ့လူကြုံက မန္တလေး (ပုလဲ) ကလက်ဆောင်ပေးလိုက်တဲ့ ကချင်ပုဆိုးနဲ့ လုံချည်တထည် သယ်လာပေးတဲ့ပြင် သယ်လာသူက ယောဂီဝတ်စုံတောင်မှ အန်တီအတွက်ပေးသေးတာ။ နောက်လထဲ ပြန်မယ့်သူကလည်း မနေ့ကပဲလာပြောထားသေးတာ။ ဒါပေမယ့် လူကြုံဆိုတာ အားနာရတယ်။ အားမနာပါနဲ့ဆိုလည်း နာရမယ်မဟုတ်လား။
ကျွန်တော်ဒေလီနေတုံးက ဗာရာဏသီမှာသီတင်းသုံးတဲ့ ဘုန်းကြီးတပါးကတော့ မြန်မာပြည်ကိုပြန်တိုင်း သူများမှာတာတွေ အကုန်သယ်လာတတ်လို့ အဲဒီအရေးအရာအတွက် ကျွန်တော်က ဧတဒဂ်ဘွဲ့ပေးထားတယ်။ အဲဒီဘုန်းဘုန်းက အခု ရန်ကုန်မှာ ကျောင်းတိုက်သစ်တည်နေတယ်။ တပည့်တော်လာဖြစ်ရင် ဘုန်းဘုန်းကျောင်းမှာတည်းမယ်လို့ လျှောက်ထားပြီးသား။ ဆရာတော်ကလည်း အမြဲတမ်း ဝဲလ်ကမ်းတဲ့။
ဆရာ့ကျွန်တော့်နာမည်နဲ့ ဝါဆိုသင်္ကန်းကပ်ပေးမဲ့သူ နှစ်ဦးရှိထားတယ်။ သူတို့လိုပဲ ကျွန်တော့်ကိုယ်စား ပြည်တွင်းမှာသာ ကုသိုလ်ပြုကြပါလို့ ပြောပါရစေ။
ဒေါက်တာတင့်ဆွေ
၂၂-၇-၂ဝ၁၅

Comments
Post a Comment