Sunday, July 26, 2015

Facebook Actress ဖေ့စ်ဘွတ်ပေါ်က ရုပ်ရှင်မင်းသမီး

ဖေ့စ်ဘွတ်မှာ စာတင်ရတာက စာအုပ်တွေထဲကစာတွေကို ဖတ်ကြတာနဲ့ အတော်ကိုမတူပါ။

မဂ္ဂဇင်းထဲမှာ စာတပုဒ်၊ သရုပ်ဖေါ်ပုံနဲ့ ဆိုပါစို့။ စာကိုပဲအားထားဖတ်ကြတယ်။ ပုံကိုတော့ စာဖတ်ချင်အောင် ဆွဲဆောင်ပေးတဲ့သဘော၊ အမွှမ်းတင်ပေးတဲ့သဘောသာထားကြတယ်။

ဖေ့စ်ဘွတ်မှာတော့ တချို့က ဒီစာကိုကြိုက်တယ်၊ မကြိုက်ဖူးပြောပါတယ်။ တချို့ကတော့ ပုံကိုပဲ ချီးမွမ်းကြတယ်။ သိမ်းထားချင်တယ်ပြောတယ်။ နောက်တမျိုးကတော့ စာထဲကဇာတ်ကောင်ကိုပဲ ချီးကျူးတယ်။ အရေးအသားနဲ့ အကြောင်းအရာ သိပ်အလေးမထားတာမျိုး မကြာမကြာသတိထားမိတယ်။

ခုခေတ်ကလည်း အရင်စာအုပ်ခေတ်တုံးကလို ရေးပို့တဲ့စာကို စာပြင်ဆရာ၊ အယ်ဒီတာတွေ အဆင့်ဆင့်နဲ့ ဆန်ခါတင်စစ်ဖို့ မလိုတော့တဲ့ခေတ်ရောက်နေပြီပဲ။

ဆေးဝယ်ရင် ဗူးခွံလှတာနဲ့ ကြော်ငြာကြည့်ဝယ်ကြသူက မရှားပဲကိုး။

ဘာနဲ့တူလည်းဆိုတော့ ရုပ်ရှင်ဇာတ်လမ်းထက်၊ မင်းသမီးသရုပ်ဆောင်တာထက်၊ မင်းသမီးကဘာလေးဝတ်ထားတယ်၊ ဘယ်လိုအလှပြင်ထားတယ်ကိုသာ ကြည့်တတ်ကြတဲ့ ပရိတ်သတ်နဲ့မထူးပါဖူး။ အဲတာမျိုးက အကယ်ဒမီတောင်မှ ရတတ်သေးတယ်။

ဒေါက်တာတင့်ဆွေ
၂၆-၇-၂ဝ၁၅

No comments:

Post a Comment

Note: Only a member of this blog may post a comment.

အရွက် နှင့် အပွင့်

အရွက်တွေသာ ရှိစဉ်က အတူတူ အစိမ်းရောင်သာ။ ပွင့်လာတော့ အရောင်အမျိုးမျိုး။ အဲလိုပါပဲ။ ကိုယ့်သားသမီးတွေ၊ ကိုယ်စာသင်ပေးလိုက်တဲ့ ကျောင်းသူကျောင...