Shouldering ပခုံးထမ်းနိုင်ငံရေး

Tin Lay ပြည်သူချစ်တဲ့ (ဦးတင်ဦး) ဗိုလ်ချုပ်ကြီးဆိုတဲ့ဘွဲ့အတွက် မုဒိတာမပွားနိုင်ကြသူတွေရှိမယ်ဆိုတာ လူအများ နားလည်နိုင်ပါတယ်။ ဒီလိုပုဂ္ဂိုလ်မျိုးက သူ့ထက်ဝါငယ်တဲ့ နိုင်ငံရေးသမားတစ်ယောက်ကို ပုခုံးနဲ့ထမ်းတင်ဖို့ တစိုက်မတ်မတ်ကြိုးစားနေတာ ဘာကြောင့်လဲဆိုတာကို နားလည်တဲ့သူ များလှမယ်မထင်ဘူး။့

ပုခုံးနဲ့ထမ်းတင်ဆိုလို့ သတိရတာတခုပြောပါရစေ။

ကွယ်လွန်သူ (လုပ်ကြံခံရသူ) KNU အထွေထွေအတွင်းရေမှူး ပဒိုမန်းရှာလာဖမ်းကို သတိရတာပါ။ ထိုင်းနယ်စပ် တနေရာမှာကျင်းပတဲ့ ဖက်ဒရယ်ဖွဲ့စည်းပုံရေးဆွဲရေး အစည်းအဝေးကြီးတခုမှာပါ။ ဖွဲ့စည်းပုံထဲမှာ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် ၃ဝ% ပါရေးအဆိုကို ငြင်းခုန်ခဲ့တုံးကပေါ့။ ကျွန်တော်တော်က မထည့်သင့်တဲ့ဖက်ကနေ ဆွေးနွေးလို့ အမုန်းအခံရဆုံး။

ပဒိုမန်းရှာကလည့် ကျွန်တော်တို့ဖက်က။ သူထောက်ပြတာကတော့ ပြည်တွင်းမှာ မ့ တိုလို့ အမျိုးသမီးမျိုးဆိုရင် ပခုံးနဲ့ထမ်းတင်ပါမယ်တဲ့။ အရည်အချင်းကို သူကဆိုလိုတာဖြစ်ပါတယ်။

အသက်ရသူများက ထမ်းတင်ပေးရမယ့်သူတွေကိုသာ ရှာနေတယ်။ တော်တဲ့သူဆိုရင် ကျား-မ မဟူ၊ ကြီးသူငယ်သူ မရွေး၊ ပခုံးနဲ့ထမ်းတင်ပါမယ်။

ဒေါက်တာတင့်ဆွေ
၂၉-၇-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး