Full stop ပုဒ်ထီးနှစ်ခါချကြစို့
- ဒီပုတ်ထဲကပဲ နည်းနည်းပုပ်တာကို ဖယ်ထားပြီး၊ အောက်နေတဲ့ပဲအတွက် မဲတောင်းနေကြတယ်။
- ပုတ်ကတော့ နွားချေးထပ်သုတ်ထား။ နွားချေးရောင်က စိမ်းပုပ်ပုပ်နဲ့ ဝါပုပ်ပုပ်။ ပုပ်စော်လည်းနံ့။ (ကန်တော့ပါ)
- ပုတ်သင်ညိုတွေက ခေါင်းငြိမ့်ကြ။ ပုတ်ပြတ်လိုက်သူတွေကိုလည်း ခေါ်စား။
- တဖက်သားကိုလည်း ပုတ်ခတ်ပြောဆို။
- သူများကိုတော့ ပုဒ်မကြီးငယ်တွေအသီးသီး။
- ပုဒ်ထီးဆိုတာ ဝါကျအဆုံးမှာချရတယ်။ တခန်းရပ်သွားရင် ပုဒ်ထီးနှစ်ခါချကြတယ်။
ဒေါက်တာတင့်ဆွေ
၁၂-၇-၂ဝ၁၅

Comments
Post a Comment