Skillful တော်တာလား လည်တာလား

စကားလုံးတချို့ဟာ ခပ်လွယ်လွယ်သုံးမိရင် အဓိပ္ပါယ်ကိုသွေလွဲစေနိုင်တယ်။ စစ်အုပ်စုဖက်ကသုံးတဲ့ ပန်းခင်းသောလမ်းတို့ စည်းကမ်းပြည့်ဝသောတို့ လွတ်လပ်၍တရားမျှတသောတို့ကိုတော့ ထည့်ပြောစရာမလိုပါ။ ကျွန်တော်တို့က သတိထားသုံးကြရမယ့်စကားလုံးတွေရှိပါတယ်။

တော်တယ်ဆိုတာကို တခါတော့ရေးထားသေးတယ်။ ဒီကောင်တွေက လူထုကိုလှည့်ဖျားတာမှာ သိပ်တော်တယ်လို့ ကောက်ချက်ချမိတာမျိုး။ ကျွန်တော်က တခြားနာမဝိသသေနကိုသာ ရွေးသုံးစေချင်တယ်။

အခုဖတ်နေတဲ့ မြန်မာစာအုပ်လောက ၂ဝ၁၄ ထဲမှာ လွတ်လပ်စွာရေးသားခွင့်ကိုချုပ်ကိုင်ဖို့အတွက် စာပေစိစစ်ရေးဋ္ဌာနကို စနစ်တကျဖွဲ့စည်းပြီး ဆောင်ရွက်ခဲ့တယ်လို့ ဖတ်ရပါတယ်။ စနစ်တကျစကားလုံးကို အားနာမိပါတယ်။

ကျွန်တော်ကိုယ်တိုင်လည်း စစ်အစိုးရက ပညာရေးစနစ်ကို စနစ်တကျဖျက်ဆီးခဲ့တယ်လို့ ရေးလေ့ရှိခဲ့တာပါ။ အကွက်ချလို့ သုံးတာကပိုမှန်မယ်။

တဖက်ကမ်းခတ်တယ်၊ ဂျင်လိုမွှတ်နေအောင်လည်တယ်၊ လူလည်ကျတယ်၊ ဖျံကျတယ်၊ လူဝါးဝတယ် စတဲ့ အသုံးတွေနဲ့သာ တန်တယ်လို့ ထင်ပါတယ်။ မျက်လှည့်ဆရာတွေ၊ ဖဲသမားတွေရဲ့ဂုဏ်ပုဒ်မျိုးနဲ့သာ လျှော်ကန်ပါတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၇-၂ဝ၁၅

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး