Paradox of democracy

သတင်း =့ ရက်နေ့ နေ့လည့့် နာရီတွင့့် ပါတီမြို့နယ်ရုံး၌ မြို့နယ် အလုပ်အမှုဆောင်အဖွဲ့နှင့် မြို့နယ် အောင်နိုင်ရေးအဖွဲ့တို့ ပူးပေါင်း၍ လွတ်တော်ကိုယ်စားလှယ်ရွေးချယ်ပွဲကို လျှို့ဝှက်မဲစနစ်ဖြင့် ကိုယ်စားလှယ် (၈) ဦး ရွေးချယ်နိုင်ခဲ့ပါသည်။

ဘယ်နယ်ကဖြစ်ဖြစ် NLD တွေကို အလေးအနက်အားပေး ထောက်ခံပါတယ်။

ဒီမိုကရေစီပေမယ့် တချို့နေရာတွေမှာ မဲနဲ့ဆုံးဖြတ်တာတိုင်းက အကောင်းဆုံးအဖြကိုမရတတ်ပါ။ စာတွေ့ပြောတာ မဟုတ်ပါ။

တခါတုံးက လူ ၁၅ ယောက်ရှိကော်မတီတခုမှာ ခေါင်းဆောင်တက်လုပ်ချင်သူတယောက်ကနေ လက်ရှိ တာဝန် အရှိဆုံးလူကို ဖြုတ်ချဖို့ ပါတီတွင်းစည်းရုံရေးလုပ်တယ်။ လူ ၄ ယောက်ကို နောက်ကော်မတီသစ်မှာ နေရာပေးမယ်လို့ ကမ်းလှမ်းတယ်။ နောက် (၃) ယောက်ကို တခြားအခွင့်အလမ်းပေးတယ်။ (၈) ယောက်လူစုနိုင်ရင် လုပ်ချင်ရာအကုန် လုပ်လို့ရတယ်။

အဲဒီအဖွဲ့ရဲ့ လက်ရှိဥက္ကဋ္ဌကို မနာလိုစိတ်ရှိတဲ့ (အဲဒီပါတီကိုပါ အမြဲရန်လိုနေတဲ့) အဖွဲ့တခုကနေ ဒီ အကြံအစည်အတွက် ငွေနဲ့အရက် အကူအညီပေးတယ်။ မဲနဲ့တက်လာတဲ့ ဥက္ကဋ္ဌသစ်နဲ့ကော်မတီသစ်ဟာ ၆ လတောင် မခံလိုက်ပါ။

အဲဒီပါတီကို ရန်လိုတဲ့အဖွဲ့က Investment ရင်းနှီးစိုက်ထုတ်ရတာမများလှပဲ ပါတီကို ပျက်သွားအောင်ဖျက်နိုင်ခဲ့တယ်။

အဲတာကို Paradox of democracy ဒီမိုကရေစီဝိရောဓိလို့ ခေါ်တယ်။ ဟစ်တလာလည်း ဒီမိုကရေစီအရတက်လာခဲ့တဲ့ ခေါင်းဆောင်ဖြစ်ပါတယ်။ ဥပမာက မြန်မာပြည်မှာဖြစ်ခဲ့တာမဟုတ်ပါ။

ဒေါက်တာတင့်ဆွေ
၁၇-၇-၂ဝ၁၅

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး