Doctors talk ဆရာဝန်အချင်ချင်း

၂၄ နာရီအတွင်း ဆရာဝန်အချင်ချင်း စကားစမည်တွေပြောဖြစ်ကြတယ်။

ညတုံးကတော့ နိုင်ငံတခုသွားပြီးဆရာဝန်လုပ်နေတဲ့ သူငယ်ချင်းတယောက်ရဲ့ဇနီးကတော့ သူ့ခင်ပွန်း ကျွန်တော့် သူငယ်ချင်းအမေ အသက် ၉ဝ ကျော် ကျန်းမာရေးအတွက်ခွင့်ယူပြီး မြန်မာပြည်ခဏပြန်မယ်တဲ့။ ကျွန်တော်က သူငယ်ချင်းအမေ နာမည်ကိုပါသိတာ။ ဆေးကျောင်းသားမှာ အမေချက်ကျွေးတာစားဖူးတယ်။ ညအိပ်တော့ သူငယ်ချင်းအမေအတွက် ဆုတောင်းပေးလိုက်တယ်။

ကနေ့တော့ မန္တလေးဆေးကျောင်းတုံးက သူငယ်ချင်းတယောက်ကနေရေးလာတယ်။ ကျောင်းမှာအချင်းချင်းပေးထားတဲ့ နာမည်တွေနဲ့ ခေါ်တာဆိုတော့ ရင်းနှီးကြတာပြောစရာမလိုဖူး။ သူအခုဘယ်မှာနေတယ်။ သားတွေအမွေခွဲပေးပြီးပြီ၊ ဇနီးက ဆုံးသွားပြီတဲ့။ ဆောရီးသာပြောနိုင်တယ်။ မန္တလေးကိုပြန်ရောက်ချင်တာလည်း ပါတာပေါ့။

တမြန်နေ့က အမျိုးလည်းတော်တဲ့ ဆရာဝန်တယောက်သတင်းကို ပြည်တွင်းကနေ လူ ၂ ယောက်က သတင်းပေးတယ်။ သတင်းမေးတယ်။ ဒေါက့့် ကအရွေးခံမလို့ဆိုတဲ့။ တယောက်အပြောက့ ပါတီကတဲ့။ တယောက်အထင်က့ ပါတီကတဲ့။ ဆန့်ကျင်ဖက်ပါတီနှစ်ခု။ မကြာခင်ကတောင် သူကဆရာ့ဆီဖုန်းဆက်တော့ ဘာမှမပြောပါလို့ပြန်ပြောရတယ်။ သံယယကိုဖြေပေးလိုက်ရလို့ ကျေနပ်တယ်။

မနေ့က့ နိုင်ငံမှာနေတဲ့ သူငယ်ချင်းဆရာဝန်တယောက်ဆီ ကျွန်တော်ကစဆက်သွယ်ပါတယ်။ အရင်နေ့က လူရွယ်တယောက်ကနေ ဆရာ အဲဒီ (အကောင့်) သိသလားလို့မေးတော့ မိတ်ဆွေဆရာဝန်ဖြစ်နေတယ်။ အဲဒီ အကောင့်ကနေ မဖွယ်မရာတွေရေးလို့ ပြန်ကောလိုက်တယ်တဲ့။ ဆရာတော့ မထင်ဘူးနော်၊ ဒေါက်တာ့ ကလူအေး၊ လူကောင်း။ အဲလိုမျိုးပြောသူရေးသူ မဟုတ်လောက်ဖူးလို့ပြောရတယ်။ ကျွန်တော်ရှင်းပြတာနဲ့ပဲ လူရွယ်ကလက်ခံပြီး ဒေါက်တာ့ ကို တောင်းပန်ပေးပါတဲ့။ အဲတာနဲ့သူငယ်ချင်းဆရာဝန်ကို အကျိုးအကြောင်းပြောရတယ်။ သူလည်း အံ့သြစိတ်မကောင်းဖြစ်သွားတယ်။ ဖေ့စ်ဘွတ်မှာ သူများအကောင့်ထဲခိုးဝင်ပြီး သူခိုးစကားတွေပြောနေသူတွေရှိတယ်။ အထင်လွဲတာတခုကို ကြားကနေရှင်းပေးရလို့ ကျေနပ်မိတယ်။

ဒေါက်တာတင့်ဆွေ
၂၈-၇-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး