My ambition စာစီစာကုံး

• အလယ်တန်းကျောင်းသားကတည်းက စာစီစာကုံးရေးရတယ်။ ဘာတွေရေးခဲ့လည်း မမှတ်မိပါ။ သေချာတာတော့ ဆရာဝန်လုပ်မယ်။ နိုင်ငံရေးထဲဝင်မယ်ဆိုတာတွေ မပါခဲ့ပါ။
• ဆယ်တန်းတက်ကာစ DSA 11 အတွက်လျှောက်လွှာတွေ အတန်းထဲအထိလာဝေတယ်။ စစ်ဗိုလ်စုဆောင်းရေးပေါ့။
• ဘာရယ်မဟုတ် လျှောက်လိုက်တယ်။ မုံရွာ ခလရ (၁၅) တပ်ထဲသွားဖြေရတယ်။ မုံရွာက (၆) ယောက်လားမသိဘူး အောင်လို့ ရန်ကုန် OTT သွားဖြေကြရတယ်။ ကျွန်တော့်အတွက်တော့ စရိတ်ငြိမ်းမို့သွားဖြစ်တာလဲပါတယ်။
• ရေးဖြေ၊ အခက်အခဲကျော်ဖြတ်တာဖြေ၊ စိတ်ဖြေတွေ ဖြေရတယ်။ အဲတာတွေ အောင်စာရင်းထွက်တော့ အောင်တယ်။ အောင်တဲ့သူတွေကို ဆေးစစ်တာလည်း အောင်ပြန်ရော။ ဆေးမအောင်လို့ ငိုတဲ့သူတွေကို နားမလည်ခဲ့တာ တကယ်ပါ။
• နောက်ဆုံးမှာ ဖိုင်နယ်စာရင်းထွက်တော့ ကျွန်တော့်နာမည် မပါဘူးတဲ့။ အေးအေးဆေးဆေး ရန်ကုန်-မန္ကလေး ရထားစီးပြီး၊ မုံရွာပြန်လာတယ်။
• နောင်တချိန်မှာ ဦးရွှေမန်းတို့၊ ဦးကျော်ဆန်းတို့ ဖြစ်လာကြမဲ့သူတွေက မေမြို့တက်သွားကြတယ်။
• ကျွန်တော်ကတော့ စစ်တာမှန်သမျှ အကုန်အောင်။ မစစ်တာကြကျတယ်။

• ဆယ်တန်းအောင်တော့ တက္ကသိုလ်-ကောလိပ်ဆက်တက်ဘို့ လျှောက်ကြရတယ်။ ILA စနစ်နဲ့ညားတယ်။ အသက်မွေးဝမ်းကြောင်း (၂) ခုနဲ့ မေဂျာ (၁) ခု၊ (၃) မျိုး ရွေးခွင့်ပေးတယ်။ ပုံဆွဲလေးဝါသနာရှိလို့ ပိသုကာလုပ်ရင် ကောင်းမလား တွေးထားတာ၊ ရန်ကုန်သွားကျောင်းမနေနိုင်တာမို့ RIT ကို လျှောက်မရပါ။
• မန္တလေးမှာရှိတာတွေကို ရွေးရတယ်။ (၁) ဆေး၊ (၂) စိုက်ပျိုးရေး၊ (၃) (အမှတ်အများဆုံးရတဲ့) ဓါတုဗေဒလို့ ရေးလိုက်တယ်။ ရတော့ ဆေး-မန်း။

• ကံမမွဲတော့ စစ်ထဲမလိုက်ရ။
• ကံပါတော့ ဆရာဝန်ဖြစ်။
• ကံမဟန်တော့ နိုင်ငံရေးထဲရောက်ပြန်။
• ကံဆန်းပြားတော့ သူများနိုင်ငံတွေမှာချည်းနေရတော့တယ်။

ဒေါက်တာတင့်ဆွေ
၁၃-၇-၂ဝ၁၄
၂၁-၇-၂ဝ၁၅

Comments

Post a Comment

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ