Easygoing ယုံလွယ်သူတွေမဖြစ်ပါစေနဲ့

Thiha Soe Htet ဆရာခင်ဗျာ မေးခွန်းလေးတစ်ခုမေးပါရစေခင်ဗျာ။ မေးခွန်းမှာ အမှားတစုံတစ်ရာပါခဲ့ရင် ခွင့်လွှတ်ဖို့နဲ့ ဖြည့်စွက်ပေးဖို့ ကနဦးမေတ္တာရပ်ခံပါတယ်ဆရာ။ အခုကျွန်တော်တို့နိုင်ငံမှာ ရွေးကောက်ပွဲနဲ့ပါတ်သတ်ပြီး မဲထည့်ဖို့က ကျနော်တို့ လူငယ်တွေကြားမှာ စဉ်းစားစရာနဲ့ အငြင်းပွားစရာတွေဖြစ်လာခဲ့ပါတယ်ဆရာ။ ကျွန်တော်တို့ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို တော်တော်လေးလေးစားပြီး ချစ်ကြတဲ့သူတွေပါ။ အခုစဉ်းစားစရာ အဓိကအကြောင်းအရင်း ကတော့ NLD မှာက အကြီးကဲတစ်ချို့က အစ္စလမ်ဘာသာဝင်တွေဆိုတော့ တကယ်လို့သာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မယ်ဆို ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်ကြပေမယ့် ဒေါ်အောင်ဆန်းစုကြည်အလွန်က အစ္စလမ် ဘာသာဝင်တွေက နိုင်ငံကိုသိမ်းပိုက်နိုင်တယ်လို့ စိတ်ထဲမှာ စွဲနေကြပါတယ်ဆရာ။ အဓိကကတော့ ကျနော်တို့တစ်တွေက ငွေ၊ အသိပညာ၊ အတတ်ပညာ တခြားသော အရာရာအားနည်းနေတော့ ယုံကြည်မှုအပြည့်အဝ မယူရဲသေးပဲ ကြောက်နေကြတာဖြစ်မယ်လို့လည်း စိတ်ထဲမှာတွေးမိပါတယ်ဆရာ။ တကယ်တော့  ဒေါ်အောင်ဆန်းစုကြည် ရဲ့ ရည်ရွယ်ချက်က ဒီနိုင်ငံတွင်းမှာ ရှိနေတဲ့ နိုင်ငံသားခံယူပြီးနေသည်ဖြစ်စေ ဧည့်နိုင်ငံသားခံယူပြီးဖြစ်စေ ဥပဒေအရ လုံလုံခြုံခြုံ အေးအေးချမ်းချမ်းနေထိုင်နိုင်ဖို့အတွက် ရခိုင် ရိုဟင်ဂျာအရေးအခင်းတွေက မျှမျှတတ လူကြီးဆန်စွာ ပြောခဲ့တာဖြစ်တယ်လို့ ကျနော်ယုံကြည်ပါတယ်ဆရာ။ သို့ပေမယ့်လည်း လူအများစု စိတ်ထဲမှာဆွဲနေသလိုမျိုး ဒေါ်အောင်ဆန်းစုကြည်အလွန်မှာ အစ္စလမ်မစ်ဘာသာဝင်တွေက နိုင်ငံကိုသိမ်းသွင်းနိုင်သလားဆိုတာ ဆရာ့ရဲ့ နိုင်ငံရေး၊ လူမျိုးရေးနှင့် ဘာသာရေးအတွေ့အကြုံအရ ရှင်းပြပေးစေချင်ပါတယ်ခင်ဗျာ။ ကျွန်တော်တို့နိုင်ငံမှာ လူတော်တွေက မျိုးဆက်တစ်ခုလောက် ပြတ်ကျန်နေတယ်လို့ ကျနော့်စိတ်ထဲမှာထင်နေပါတယ်ဆရာ။ အဲဒါလေးရောဆရာ့အနေနဲ့ ဘယ်လိုမျိုးမြင်ပါသလည်းဆရာ။ လေးစားလျှက့့်

မြန်မာပြည်မှာ ဘုရင့်လက်ထက်၊ အင်္ဂလိပ်-ဂျပန်လက်အောက်၊ ဖဆပလလက်ထက်၊ ဦးနေဝင်းခေတ်၊ နဝတ-နအဖခေတ်၊ အခုအစိုးရခေတ်၊ ခေတ်အားလုံးမှာ အစိုးရထဲမှာ၊ စီးပွါးရေးသမားတွေထဲမှာ၊ ဆရာဝန်-ကျောင်းဆရာ၊ လက်လုပ်လက်စား၊ အားလုံးထဲမှာ မွတ်ဆလင်တွေပါတယ်။ ကနေ့ မွတ်ဆလင်မပါတဲ့နိုင်ငံရေးပါတီ တွေ့မိပါသလား။ NLD ထဲမှာ ဘုရင်-အင်္ဂလိပ်-ဖဆပလ-စစ်အစိုးရတွေထက်ထူးပြီး ဘာသာတခုခုကိုဦးစားပေးနေတာ တွေ့ပါသလား။ မွတ်ဆလင်သီးသန့်ပါတီကော သတိထားမိပါသလား။ အဲဒီပါတီက ဘယ်ပါတီရဲ့မဟာမိတ်ပါလည်း။

ကျေးဇူးအများကြီးတင်ပါတယ်။ သူငယ်ချင်းတွေကို ပြန်လည်ရှင်းပြနိုင်ပါပြီ။ ဆရာ့ရဲ့အခုရှင်းလင်းချက်ကို လူအများ နားလည်အောင် ဆရာအဆင်ပြေရင် Post လေးတင်ပေးဖို့ တောင်းဆိုချင်ပါတယ်။

ဟုတ်။ မေးခွန်းမေးတဲ့သူဟာ သိလိုဆန်းစစ်ဝေဖန်လိုသူဖြစ်တယ်။ အဲတာဟာ အလွန်ကောင်းတယ်။ NLD ကိုလည်း ဆရာ့ပါတီဖြစ်လို့ မဲထည့်ပါလို့မဆွယ်ပါ။ ဆေးပညာစာတွေရေးနေတဲ့ ဆရာဝန်ပြောလို့ မဲထည့်ရတယ်ဆိုတာ ကိုယ်ပိုင်အသိနဲ့ ရွေးချယ်မှုလောက် အဆင့်မမြင့်လှပါ။

မြန်မာနိုင်ငံသမိုင်းကပြောတာနဲ့ ဟိုလူသည်လူကပြောတာနဲ့ ဘယ်ဟာကိုယုံမှာလည်း။ လူငယ်လူရွယ်တွေကို ယုံလွယ်သူတွေ မဖြစ်စေချင်ပါ။

ဒေါက်တာတင့်ဆွေ
၁၉-၇-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး