Anti-Abortion ကိုယ်ဝန်ဖျက်ချ ဆန့်ကျင်ကြ

ဆရာရှင့် သမီးက့၊့ ကပါ။ ပထမသားလေး ခွဲမွေးထားတာ တစ်နှစ်မှာ မမျှော်လင့်ဘဲ ကိုယ်ဝန်ထပ်ကပ်တယ်ရှင့်။ မည်သို့ဂရုစိုက်နေထိုင်ပါမှ ကလေးကို ကောင်းစွာမွေးနိုင်ပါမည်လဲရှင့်။ ဒီကလူများကတော့ ဖျက်ချခိုင်းပါတယ်။ ဖျက်ရင်လည်း အန္တရာယ်များကြောင်းသိရပါတယ်ရှင့်။ Dr ဆီမှအဖြေကိုစောင့်မျှော်လျက်။

အသက် မသိပါ။ တချို့အမျိုးသမီးတွေက မွေးဖွါးရာဇဝင် အလွန်ကောင်းကြတယ်။ ကံကောင်းကြတယ်။ ဆရာ့ဆီကို ကလေးမရသေးလို့မေးနေကြတာ နေ့တိုင်း ၄-၅ ယောက်ရှိတယ်။ ဖျက်ချင်လို့မေးတာလည်း ၂-၃ ယောက်ရှိတယ်။ ဆရာက မြန်မာပြည်က ဆေးပညာသင်ထားသူဖြစ်လို့ ကိုယ်ဝန်ကို တမင်ဖျက်မပေးပါ။ ဖျက်ဖို့ မတိုက်တွန်းပါ။ ဖျက်ဆေးလည်းမညွှန်ပါ။ ဆေးစာတော့ စုံအောင်ရေးပါတယ်။

ကိုယ်ဝန်ဖျက်တာမှာ သတိထားစရာတွေက လူနာအသက်၊ ကျန်းမာရေး၊ ရာသီဘယ်လောက်ထိန်နေသလည်း၊ ဘယ်နည်းလုပ်မလည်း၊ ဘယ်မှာ ဘယ်လို့ပညာသင်ထားသူကလုပ်သလည်း စတာတွေအပေါ်မှာမူတည်ပါတယ်။

၂၄-၁-၂ဝ၁၁ နေ့က လူတွေ ရာနဲ့ထောင်နဲ့ချီပြီး ဝါရှင်တန်-ဒီစီက လမ်းမတွေပေါ်မှာ မမွေးသေးတဲ့ ကလေးတွေကို သတ်ပြစ်နေကြာကနေ အကာကွယ်ပေးကြဘို့၊ မွေးပြီးသားတွေရော မမွေးသေးသူတွေအတွက်ပါ အသက်ရှင်ပိုင်ခွင့် အခွင့်အရေးအတွက်ပါ ရပ်တည်ပေးကြဘို့ရာ ချီတက်ဆန္ဒပြကြပါတယ်။

(လီလာ-ရို့စ်) က ဒီလိုပြောပါတယ်။ (ဖီလာဒက်ဖီးယား) မှာ (ကာမစ်-ဂို့စ်နဲလ်) ကနေ ကိုယ်ဝန်ဖျက်ချလို့ ခါးရိုးထဲက အာရုံကျော ပျက်စီးတဲ့ အမျိုးသမီးတယောက် ရှိပါတယ်။ ကျမတို့လေ့လာမှုတွေကနေ အမျိုးသမီးတွေ ကိုယ်ဝန်ဖျက်ချလို့ သေသုံးရတာတွေ တွေ့ရပါတယ်။

ကျမတို့တိုင်းပြည်မှာ မွေးလာရမဲ့ကလေးတွေကို ကိုယ်ဝန်ဖျက်ချပြီး သတ်ပြစ်တာကို မကာကွယ်နိုင်တဲ့အတွက် ကျမနှလုံးသားထဲအထိ ထိခိုက်ပါတယ်ရှင်။ ကျမနေတဲ့နေရာနဲ့ မလှမ်းမကမ်းမှာ ကိုယ်ဝန်ဖျက်ပေးတဲ့ ဆေးခန်းတွေ ရှိတယ်။ နေ့တိုင်း အဲတာတွေကို လှမ်းမြင်နေရတာ စိတ်မချမ်းသာစရာ အလွန်ကောင်းလှပါတယ်။ လူအတော်များများ မသိချင်ရောင် ဆောင်နေကြသေးတယ်။ ကျမကတော့ လျှောက်ကြည့်တာဘဲ။

ကျမတို့ အဲလိုသေဆုံးနေကြရတဲ့ မမွေးလာသေးတဲ့ကလေးတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ကြရအောင်ပါ။ ၁၉၇၃ ခုနှစ်ကနေ ကိုယ်ဝန်ဖျက်ချတာကို ဥပဒေအရခွင့်ပြုခဲ့တာကို ဆန့်ကျင်ဘို့ နှစ်ပါတ်လည်နေ့မှာ ဆန္ဒပြပါမယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ လူတိုင်းအသက်ရှင်ရပ်တည်ခွင့်ဆိုတာ ပါရက်သားနဲ့ ဒီဥပဒေက ဆန့်ကျင်နေတာပါ။

တနေ့တည်းသာမကာပါဘူး။ ကိုယ်ဝန်ဖျက်တာကို နေ့တိုင်းဆန့်ကျင်ပေးကြပါရှင်။

ဒေါက်တာတင့်ဆွေ
၂၁-၇-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး