Sense of humor ရီစရာနဲ့ သရော်တာ
ကျွန်တော့်ပို့စ် = Condolence နာရေးသတင်း
Shwe Moe သရော်စာလားဆရာ။
Sense of humor ဟာသဉာဏ်နဲ့ Satire သရော်စာမတူတဲ့အကြောင်းလေး တခါရေးဘူးတယ်။ သရော်တာမှာ Criticism ဝေဖန်ကန့်ကွက်တာပါတယ်။ Joke ဟာသနဲ့ Ridicule ရှုံ့ချတာ မတူပါ။
ကျွန်တော် စာသင်ပေးရင်း မပျင်းရအောင်၊ မှတ်မိအောင်၊ တခြားအရာတွေနဲ့ ခေါင်းပူနေချိန်မှာ ပေါ့ပါးသွားအောင်၊ ရီစရာရှာပြောလေ့ရှိပါတယ်။ စာရေးတာမှာ ဟာသလေးနှောတာကို သရော်စာလဲမမြောက်ဘူးလို့ အပြောခံရဘူးတယ်။ ကျွန်တော်က သူများကိုသရော်တာမျိုး မကြိုက်ပါ။ စစ်အုပ်စုကိုတောင်မှ ခပ်ထေ့ထေ့သာရေးတယ်။ ရေးပြီးရင် အားနာနေတတ်တယ်။ သူတို့တတွေက သရော်တာမပြောနဲ့ ဆဲလည်း ပြင်လာကြမှာမဟုတ်ဖူး။
ရီစရာပြောကြတာမှာ အနှောင့်အသွားလွတ်တာမျိုးဆို ပိုကောင်းတယ်။ လူအများကြားအောင်၊ ဖတ်နိုင်အောင်ပြောတာ၊ ရေးတာမျိုးဆိုရင် ချက်အောက်မရောက်ရပါ။ စိတ်ဝေဒနာသယ်တွေနဲ့ဆိုင်တဲ့ ထိထိမိမိဖြစ်တဲ့ ဟာသအများကြီးရှိတယ်။ ကျွန်တော်လဲ ငါကမှနပိုလီယန်အစစ်ဆိုတဲ့ ဟာသကိုပြောဘူးပါတယ်။ ဒါပေမဲ့ စိတ်ဝေဒနာသည်တွေကို နှိမ်သလိုပြောတာ မကောင်းဘူးလို့ ယူဆလာပါတယ်။ တခြားရောဂါသည်တွေနဲ့ဆိုင်တာတွေလဲ အတူတူဘဲ။
ပညာအခြေခံနည်းသူတွေက မှားလုပ်၊ လွဲပြောတာကို ရီစရာလုပ်တာမျိုးလဲမသင့်ဘူး။ မြန်မာစကား အနည်းအပါးသာ တတ်တဲ့ တိုင်းရင်းသူဆရာမလေးတယောက် ဆေးခန်းရောက်ကာစမှာ (စီနီယာ) တွေကို ဆီးစစ်တာသင်ပေးခိုင်းတယ်။ ခဏနေမှ ဆီးထဲမှာအနည်ပါတာကို Urine for Albumin လို့ ဗိုလ်လိုလဲ ကျွန်တော်ကသင်ပေးတယ်။ ပြီးမှ သေချာအောင် ပြန်မေးပါတယ်။ အေ့း့ အခုစစ်တာဘာလဲ။ သူဖြေတာက (သေး) တဲ့။ ဆရာမအသစ်တွေရောက်ပြန်ရင် အဲဒီနမူနာလေး ပြောပြတယ်။ ဒါပေမဲ့ အရင်ဆရာမနာမည်ကို ထည့်မပြောပါ။
သူများကို သရော်လို့၊ ရီစရာပြောလို့ ဘာအကျိုးရမလည်း ကြည့်သင့်တယ်။ သူများကိုချည်း အပုတ်ချနေသူမျိုးဟာ ကိုယ်တိုင်က ဥပတိရုပ်မကြည်လင်နေတာကို သတိပြုရင်သိပါတယ်။
ဒေါက်တာတင့်ဆွေ
၂၃-၇-၂ဝ၁၅

Comments
Post a Comment