ဒီဆေးမျိုးတွေကိုပေးပြီး လုပ်ချင်ရာ လုပ်လို့ရတာမို့ Rape drugs ခေါ်တယ်။ Rufies လို့လဲ အရပ်စကားနဲ့ ခေါ်တယ်။ စားစရာနဲ့ သောက်စရာထဲ မသိအောင် ထည့်ပေးတယ်။ ဘယ်ရောက်လို့ ရောက်နေမှန်း မသိတော့ဘူး။ သတိလက်လွတ် ဖြစ်မယ်။ အဓမ္မကျင့်လို့အထိ ရတယ်။ Date drug လို့လဲ ခေါ်ကြသေးတယ်။ ဘာလို့လဲဆိုတော့ သူများနိုင်ငံတွေမှာ ယောက်ျားနဲ့ မိန်းမ သမီးရည်းစား မဟုတ်ဘဲလဲ သဘောတူ ရက်ချိန်းပေးပြီး တွေ့ကြတဲ့ဓလေ့ရှိတယ်။ ဖို-မ ဆက်ဆံမှုကို သဘောမတူရင် ဆေးသုံးပြီး အဓမ္မကျင့်ဘို့ ဒီဆေးမျိုးတွေ သုံးနိုင်လို့ပါ။ Date drug, Date rape drug လို့ ခေါ်တာ တယ်တော့ မှန်မယ် မထင်ပါ။ (ဒိတ်) လုပ်ပါတယ် ဆိုကတည်းက အဆုံးတိုင် စခန်းသွားမယ် ဆိုတာ မသိ မရှိနိုင်ပါ။ ဒီလိုဆေးမျိုး သုံးရတယ်ဆိုတာ (ဒိတ်) အဆင့် မရောက်သူတွေကိုသာ လုပ်ဘို့လိုမှာ ဖြစ်ပါတယ်။ Clubs (ကလပ်) တို့ Pubs (ပတ်ပ်) မှာ ထိုင်ရင်း လူချင်း မရင်းနှီးသူကို တမင်တကာ ကိုယ်လုပ်ချင်ရာလုပ်ဘို့သာ ဆေးလိုပါလိမ့်မယ်။ ဆေးအမျိုးအစားတွေမှာ အများဆုံးသုံးကြတာ (၄) မျိုး ရှိတယ်။ 1. Alcohol အရက်၊ 2. Gamma-hydroxybutyrate (GHB) 3. Benzodiazepines (Flunitrazepam, Rohypnol, Roofies) နဲ့ 4. Ketamine ကက်တမင်း...
Comments
Post a Comment