Diverse opinion အမြင်မတူခြင်းတမျိုး

ဒီမိုကရေစီရေးလို့ပဲ လွယ်လွယ်ပြောပါစို့။ အဲတာကိုလုပ်နေကြသူတွေထဲမှာ ကျွန်တော်လည်းပါတယ်။ ကိုယ့်ထက် ဝါကြီးကြသူတွေ၊ နစ်နာဆုံးရှုံးမှုများလွန်းသူတွေက ဒုနဲ့ဒေးရှိပါတယ်။ ပိုလုပ်နိုင်ကြသူတွေလည်း များလှပါတယ်။ ဒီမိုကရေစီသမားတွေကြားမှာ နိုင်ငံရေးဝေဖန်မှုတွေပြုကြတဲ့အခါ ကျွန်တော်သဘောမတူနိုင်တာတချို့ရှိပါတယ်။

(၁)
စစ်ခေါင်းဆောင်တွေက လူထုကို မလိမ့်တပတ်လုပ်တာမျိုး၊ လှည့်စားဖျားယောင်းတာမျိုးကို ပိပိရိရိလုပ်တာကိုတွေ့တိုင်း ဒီကောင်တွေက တော်တယ်လို့ကောက်ချက်ချတာမျိုးကို ကျွန်တော်ကတော့ အဲဒီဝိသေသနကို သဘောမတူနိုင်ပါ။ ဝေါဟာရတွေအများကြီးရှိတာပါ။

(၂)
ဗိုလ်ကြီးအုန်းကျော်မြင့်အကြောင်းရေးတော့ စစ်အုပ်စုကိုအပြစ်ပြောမနေတော့ပဲ အဖြစ်အပျက်ထဲက ဦးတင်ဦးကိုသာ အပြစ်ပြောတာမျိုး တွေ့ရတယ်။ ဦးတင်ဦး ပါဖက်ဖြစ်တယ်လို့မပြောပါ။ ပြောချင်တာက တချို့ကရေလိုက်လွဲနေကြတယ်။

(၃)
အလားတူပါပဲ ၈၈ တုံးကအဖြစ်မှာလည်း ဒီမိုကရေစီဖက်က ထိပ်ပိုင်းလူကြီး လေးယောက်ကိုသာ အပြစ်ပြောကြတယ်။ အာဏာသိမ်းတဲ့စစ်အုပ်စုကိုတော့ လွတ်စေသဘော သက်ရောက်နေတယ်။

သဘောထားကွဲပြားခွင့်ရှိတာ မှန်ပေမယ့် ဒီလိုကွဲခြင်းဟာ ကောင်းတယ်လို့မထင်ပါ။

ဒေါက်တာတင့်ဆွေ
၁ဝ-၇-၂ဝ၁၅

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး