Select and vote for yourself ရွေးပေးကြပါ၊ မဲပေးကြပါ

ကျွန်တော်က အရွေးခံမှာမဟုတ်။
ဒါပေမယ့် ကျွန်တော့်ကို ရွေးပေးကြပါ။
ကျွန်တော်က ကိုယ်စားလှယ်မဟုတ်။
ဒါပေမယ့် ကျွန်တော့်ကို မဲပေးကြပါ။
၁၉၉ဝ မှာ ကျွန်တော်အနိုင်ရခဲ့တယ်။

လူကြီးမင်းက အရွေးခံမှာမဟုတ်။
ဒါပေမယ့် ကိုယ့်အတွက်ကိုယ် ရွေးပေးကြပါ။
လူကြီးမင်းက ကိုယ်စားလှယ်မဟုတ်။
ဒါပေမယ့် ကိုယ့်အတွက်ကိုယ် မဲပေးကြပါ။
၂ဝ၁၅ မှာ လူကြီးမင်းတို့ အနိုင်ရမယ်။

ဒေါက်တာတင့်ဆွေ

၁၅-၇-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး