My two cent advice နှစ်ပြားတန် အကြံပေးခြင်း

ကနေ့ ကျန်းမာရေးမေးတာတွေ အတော်ကိုများတယ်။ မေးခွန်းစည်းကမ်းကျတာကလည်း များပါတယ်။ ဖြေချိန်က ညနေ ၄-၅ နာရီမှစရတယ်။ အခုမှ သက်ပျင်းတခါချနိုင်ပါတယ်။ ကျန်သေးလား စစ်ရအုံးမယ်။ အသစ်ဝင်လာတွေလည်း တွေ့နေရတယ်။ အချိန်လုလုပ်ရလို့ လိုတာလေးတွေရှိရင်တော့ တောင်းပန်ရမှာပဲ။

နိုင်ငံရေးပြောလာသူ လေးယောက်ရှိတယ်။ အမျိုးအရင်းတယောက်ကို NLD ပါတီမြို့နယ်အဆင့်က အရွေးခံဖို့ ကမ်းလှမ်း ဖိတ်ခေါ်တယ်တဲ့။ အဲတာကတော့ ညကတုံးကတည်းက တိုင်ပင်လို့သိရတာပါ။ အကြံမယူခင်ကတည်းက သူကတော့ ငြင်းလိုက်ပါတယ်တဲ့။

အေးကွာ ပါတီကိုကျေးဇူးတင်ရမယ်။ မဲဆန္ဒနယ်တခုတိုင်းမှာ အနိုင်ရရေးက ကနေ့လိုအပ်ချက်ဖြစ်တယ်။ လုပ်ချင်သူတွေ များမယ်။ လုပ်ပါစေ။ ပါတီက ဘယ်သူ့ကိုရွေးရွေး၊ တို့က အားပေးကူညီကြရမယ်။

အေ့း့ တကယ်လို့ ကိုယ်ဝင်မှသာ နေရာတနေရာ ပါတီအတွက်ရမယ်ဆိုရင်တော့ မင်း ဘာပဲဖြစ်ဖြစ်လုပ်ရလိမ့်မယ်။ ငါတို့တုံးကလောက်တော့ မင်းခံရမယ်တော့ မထင်ဖူး။ ဘာလို့လည်းဆိုတော့ စစ်အုပ်စုသဘောကောင်းလာလို့တော့ မဟုတ်ဖူးကွ။ မင့်မှာ နောက်ထပ်ဆုံးပါးစရာ အမေရော အဖေရော မရှိတော့ဖူးမဟုတ်လား။

ဒေါက်တာတင့်ဆွေ
၁၄-၇-၂ဝ၁၅

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး