Monday, July 20, 2015

Sharpshooter လက်ဖြောင့်သမား

Hsihsi Sukyi ငယ်ဘဝအကြောင်းစာရေးတော့ဆရာရေ။ အသောလေးတွေရော တွေးစရာလေးတွေပါထည့်ပေးပါ။
သူငယ်ချင်းစာထဲမှာ သူငယ်ချင်းနာမည်တွေ ထည့်ရေးထားတယ်။ အုန်းသန်းဆိုတဲ့သူငယ်ချင်းကို ဆရာကနေ ကျောင်းဘောလုံးကွင်းမှာ စတဲ့အနေနဲ့ အုတ်ခဲကျိုးနဲ့ လှမ်းပစ်တယ်။ ပေ ၁ဝဝ လောက်ဝေးမလားပဲ။ အဲတာ သူ့ခေါင်းပေါ် တည့်တည့်ထိပါရောလား။ ဒီကောင်က စိတ်မဆိုးဖူး။ ဆရာက လက်တည့်သူမဟုတ်ပါ။ ဖေါင်ကြီးသင်တန်းမှာ ၃ဝ၃ ကျည် အတောင့် ၂ဝ ပစ်ရတာ စက်ဝိုင်းထိ-မထိ ပြန်ကြည့်မနေတော့ဖူး။ ကိုယ့်လက်ကိုသိလို့။
ဒေလီရောက်ကာစ လုပ်သေနတ်ပစ္စတိုတလက် ဝယ်လာတယ်။ ဝါသနာပေါ့။ ကျောင်းသားအဖွဲ့က လာလည်ကြတယ်။ ဆရာက အဲဒီ Toy gun နဲ့ နံရံက ပိန်ညောင်တကောင်ကို မချိန်ပဲပစ်ပြတာ ပိန်ညောင် ကားကနဲကျပါရောလား။ အလွန်မဝတဲ့ကိုဗလက ဘရာဗိုလုပ်တယ်။ နောက်တချက်တော့ ထပ်မပစ်တော့ဖူး။ အဲတာလည်း ကိုယ့်လက်ကိုသိလို့။

ဒေါက်တာတင့်ဆွေ
၂ဝ-၇-၂ဝ၁၅
Photo from Mabel

No comments:

Post a Comment

Note: Only a member of this blog may post a comment.

အရွက် နှင့် အပွင့်

အရွက်တွေသာ ရှိစဉ်က အတူတူ အစိမ်းရောင်သာ။ ပွင့်လာတော့ အရောင်အမျိုးမျိုး။ အဲလိုပါပဲ။ ကိုယ့်သားသမီးတွေ၊ ကိုယ်စာသင်ပေးလိုက်တဲ့ ကျောင်းသူကျောင...