National reconciliation ရင်ကြားစေ့တာ မီးနဲ့ရပါသလား

VOA မှာ အခုပဲဆွေးနွေးကြတဲ့အထဲမှာ ပါရတယ်။ အချိန်ကနည်းတော့ အချုပ်ကိုမပြောလိုက်ရပါ။ ဆောရီး။

NLD ပါတီအနေနဲ့ တိုင်းရင်းသားတွေနဲ့ မဟာမိတ်ပြုဖို့ပြောကြတယ်၊ အချက်အလက်တွေနဲ့ရေးတာလည်း ဖတ်ရတယ်။ ဆွေးနွေးတာထဲမှာလည်းပါတယ်။ ရွေးကောက်ပွဲမတိုင်ခင် မလုပ်ရင်မဖြစ်ဖူးလို့လည်းပြောတယ်။

မကြာသေးခင်က ဧရာဝတီတိုင်းမှာ ဒေါ်အောင်တန်းစုကြည့်က ပြောခဲ့တာတခုရှိတယ်။ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဦးစားပေးမယ်လို့။ ကျွန်တော်မြင်တာက ရွေးကောက်ပွဲမတိုင်ခင် မဟာမိတ်ဖွဲ့တာနဲ့ ရင်ကြားစေ့သွားမှာ မဟုတ်ပါ။ NLD က ၁၉၉ဝ ကတည်းကစလုပ်နေတာပါ။ ဆက်လုပ်နေတာပါ။ ရွေးကောက်ပွဲဝင်မယ်လို့ တရားဝင်ထုတ်ပြောတဲ့နေ့မှာပဲ CRPP ကို အမွှမ်းပြန်တင်တယ်။

ဘယ်ပါတီက တိုင်းရင်းသားရင်ကြားစေ့ရေးကို ပြောပါသလည်း၊ လုပ်ပါသလည်း။ ပါတီနာမည်ကိုအဲလိုပေးထားတာနဲ့  ရပါသလား။ ဘယ်တိုင်းရင်းသားပါတီတွေကရော ကိုယ့်အမျိုးသားရေးဘောင်ထက်ကျယ်ပြေပာပါသလည်း လုပ်နေခဲ့ပါသလည်း။ ဖက်ဒရယ်လို့တော့ အစိုးရတောင်ပြောနေတာတော့ မှန်ပါတယ်။ လက်ရှိအစိုးရသက်တမ်းမှာ အပစ်အခတ်ရပ်စဲရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဒေါ်လာသန်းပေါင်းများစွာအကုန်ခံ၊ အစည်းအဝေးပေါင်း ထောင်ဂဏန်းနဲ့ ဟိုနိုင်ငံသည်နိုင်ငံတွေမှာ ကျင်းပတယ်။ အစည်းအဝေးကို တခုမကျန်တက်နေတဲ့ ခေါင်းဆောင်းတွေ ကိုယ်တိုင်က နောက်သမတပြောင်းရင် မရေရာတာကိုသိနေကြတယ်။

၂ဝ၁ဝ လွှတ်တော်ထဲမှာ တိုင်းရင်းသားပါတီတွေက အာဏာရပါတီနဲ့ အစိုးရကို ချိုချိုသားသာဖေးဖေးမမ ပြောကြတာကို တွေ့ရတယ်။ တိုင်းရင်းသားအများစုဟာ ဗမာတွေထက် စကားကို ချိုစရာရှိရင် အလွန်နဝင်ချိုအောင်ပြောတတ်ကြတာကို ပြည်ပနိုင်ငံရေးအတွေ့အကြုံအရ ကောင်းကောင်းသိပါတယ်။

အမျိုးသားရင်ကြားစေ့ရေးဆိုတာ အပြောကောင်းယုံနဲ့မရပါ။ စာရွက်ပေါ်လက်မှတ်ထိုးတာနဲ့မယုံရပါ။ ဖုတ်ပူမီးတိုက်လည်း လုပ်မဖြစ်ပါ။ အထက်မီးအောက်မီးနဲ့လည်း မပြီးပါ။

ဒေါက်တာတင့်ဆွေ
၂၈-၇-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး