I am thankful for you

ဒီကနေ့ ကွန်မင့်မှာရေးလာသူတွေထဲက ချီးကျူးရမယ့်သူတွေ တွေ့ရပါတယ်။

မနက်စောစော တယောက်က ကျွန်တော်ရေးထားတဲ့စာမှာ မှားနေတဲ့သတ်ပုံကို ပြင်ပေးတယ်။ ကျွန်တော်လည်း ချက်ချင်း ပြင်နိုင်ခဲ့တယ်။ ကျေးဇူးတင်ပါကြောင်း ပြန်ပြောလိုက်တယ်။ ခဏနေတော့ သူအကြံပြုပြင်ပေးထားတဲ့ကွန်မင့်ကို သူကိုယ်တိုင် ဖျက်သွားပါတယ်။

နောက်တယောက်က ညဦးပိုင်းမှာ ကွန်မင့်ကနေ ဆွေးနွေးမှုတခုလုပ်တယ်။ ကျွန်တော်က ပို့စ်နဲ့မဆိုင်လို့ရော ခပ်တိုတိုနဲ့ ဆွေးနွေးရင် ပြည့်စုံမှာမဟုတ်လို့ရောကြောင့် ဆက်မဆွေးနွေးပါရန်ရေးတယ်။ ရေးသူတယောက်ကနေ ဟုတ်ကဲ့ပါ၊ ကျနော် ဆက်မရေးတော့ပါဘူးဆရာ။ ဖျက်ဖို့လိုရင်လဲပြောပါ၊ ဖျက်ပေးပမယ်ခင်ဗျာလို့ ပြန်ရေးလာပါတယ်။

အဲဒီပုဂ္ဂိုလ်နှစ်ယောက်လုံးကို ကျေးဇူးတင်တဲ့အပြင် ချီးကျူးပါကြောင်း မှတ်တမ်းတင်ပါရစေ။

ဒေါက်တာတင့်ဆွေ
၂၄-၇-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး