DHL ပို့လို့မလွယ်

သင်္ဘောလက်ဖက်ကိုတင်တော့ အကြိုက်တူတွေထဲမှာ တရားဟောကောင်းလို့ စေတနာပေါက်တဲ့ ပရိတ်သတ်လည်း ပါတယ်။

၁။ Laypyae Nu Nann ပို့ပေးချင်ပါတယ်ဆရာ။ ပို့ရတဲ့ နည်းကို ပြောပြနိုင်မလားရှင့်။

၂။ May Hnin Mu ပို့ပေးချင်ပါတယ်ဆရာ။ ကျမလဲအညာလက်ဖက်ကလွဲလို့ နှပ်ပြီးသားတွေမကြိုက်ပါ။

၃။ Må Myo လက်ဖက်ကို အဲ့ဒီပို့ပေးလို့ရတာလားဆရာ။

၎။ Lay Yu ပို့လို့များရရင် ပို့ချင်လိုက်တာ ဆရာရယ်။ DHL နဲ့ပို့လို့ရမလား။

တချို့ကတော့ ကျွန်တော်က အဝေးကြီးမှာနေရတာ သိချင်မှသိမယ်။ အခုနေတဲ့ဆီကို အစားအသောက်နဲ့ ပစ္စည်းတွေ ပို့ရတာ လွယ်လှတာမဟုတ်ပါ။ မေးမြန်းကြည့်တော့ အစိုမရ၊ အနံ့ထွက်တာမရ၊ သစ်ပင်ထွက်မရတဲ့။ မကြာသေးခင်က အလည်ပြန်ကြတဲ့မိသားနှစ်စုမှာ တစုကအစိုးရိမ်လွန်လို့ ပုစွန်ခြောက်တောင်သယ်မလာရဲဖူး။ ဒီလည်းရောက်ရော သယ်လာတဲ့သူဆီက မျှယူရတယ်တဲ့။

ပို့ပေးချင်သူတွေကို ကျေးဇူးတင်ပါတယ်။ ပို့မနေကြပါနဲ့။ မင်္ဂလာဒုံက ဖြတ်ရ-မရ မသေချာ။ တိုကျိုနဲ့ ချီကာဂိုမှာ ထားခဲ့ရမလားလည်း မပြောနိုင်ပါ။ လက်ဖက်စားတိုင်းသာ သတိရပေးကြပေါ့ဗျာ။

ဒေါက်တာတင့်ဆွေ
၂၁-၇-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး