Labor room ရွေးကောက်ပွဲ သားဖွားခန်းထဲရောက်နေပြီ

အမတ်လောင်းတွေ ရွေးနေချိန်မှာ အသံတွေအတော်ထွက်တယ်။ ငြီးညူသံလည်းကြားရတယ်။ အက်ကွဲနေအောင် အော်သံလည်းပါတယ်။ နေရာတိုင်းမှာ မဟုတ်ပါ။

သားဖွါးခန်းမှာလည်း သည်အတိုင်းပဲ။ အသံကျယ်ကျယ်လည်းကြားရမယ်။ ဆဲတာဆူတာလည်း နည်းနည်းပါးပါး။ ကျိတ်မှိတ်ပြီး ခံနိုင်ရည်သူတွေလည်းမရှားပါ။
ဘာသံတွေဘယ်လိုထွက်နေနေ အားလုံးကို ရိုရိုးမွေးနိုင်တာတွေချည်းပါပဲ။
တချို့ကိုတော့ ခက်ခက်ခဲခဲမွေးပေးရတယ်။ တချို့ကိုတော့ ထမင်းတနပ်နှစ်နပ်၊ အိပ်ရေးတညနှစ်ညပျက်ရအောင် မွေးယူရတယ်။ ဆေးသွင်းပေးရ၊ ချုပ်လုပ်ပေးရတာတွေလည်း ပါတာပေါ့။
ခုချိန်မှာကတော့ သန့်ရှင်းရေးနဲ့ ဝမ်းခြူ၊ ဆီးခြူပေးရချိန်ပေါ။့ (ကန်တော့ပါ)
နောက်ဆုံးမှာ မိခင်ရောကလေးပါ ကျန်းမာကြပါတယ်။

ဒေါက်တာတင့်ဆွေ
၂ဝ-၇-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး