Block ဘလော့ကြပါကုန်

နိုင်ငံရေးပါတီပေါင်း ၉ဝ ကျော်ပြီဆိုပဲ။ ၁၉၉ဝ တုံးက ၂၃၅ ပါတီအထိရှိခဲ့တယ်။ မဲပြားအောင်လုပ်တဲ့နည်းနာတခုအနေနဲ့ ပါတီတွေများအောင်လုပ်တာလို့ ပြောနိုင်တယ်။ ဒါပေမယ့် လူထုကတော့ ဆင်တဲ့အတွက်ထဲ မဝင်ခဲ့ပါ။

ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးရေးတောင်းတဲ့အခါ၊ ဗိုလ်ချုပ်မှူးကြီးစောမောင်က နိုင်ငံရေးပါတီတွေကများလို့ မတွေ့နိုင်ဖူးလို့ ဆင်ခြေပေးခဲ့တယ်။ ဦးသိန်းစိန်ကတော့ လေးပွင့်ဆိုင်တောင်းတဲ့အခါ အဲတာနည်းတယ် များမှကောင်းတယ်လို့ လုပ်ခဲ့တယ်။

၂ဝ၁၅ မှာ ပါတီတွေများတော့ ဘာဖြစ်လာနိုင်မလည်း။ မနေ့က့ လိုရင် NLD ကိုမဲပေးပါလို့တင်တော့၊ ပါတီတွေ ရိုက်သတ်မကုန်ရှိတယ်၊ မပေးနိုင်ဖူးလို့ဆိုတာတယ်။ အဲဒီလူကို ဘလော့ခ်လိုက်ပါတယ်။ ရာဂဏန်းထဲမှာ အဲလိုလူက တယောက်တည်းပါ။

အခုလိုဗျူဟာချသူတွေနဲ့ အဲလိုလူတွေကို နိုဝင်္ဘာမှာ လူထုကနေ ဘလော့ခ်ကြစေချင်ပါတယ်ခင်ဗျား။

ဒေါက်တာတင့်ဆွေ
၁၉-၇-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး