Tuesday, July 21, 2015

Bionic eye implant ဘိုအောနစ်မျက်စိ တကယ်ရှိလာပြီ

မြန်မာပြည်ထဲမှာနေခွင့်ရှိတုံးက စက်ရုပ်လူသား စိတ်ကူးယဉ် ရုပ်ရှင်ဇာတ်ကားတွေ တီဗီကနေကြည့်ခဲ့ဖူးတယ်။ Bionic Woman တီဗီဆီးရီစ်မှာ (လင်းဆေး ဝဂ်နာ) ကမင်းသမီး။ The Six Million Dollar Man ခြောက်သန်းတန်လူသားနဲ့ တပြိင်တည်းထွက်ခဲ့တာဖြစ်ပါတယ်။ အခုတကယ်ရှိလာပြီဆိုတဲ့ဆေးသိပ္ပံသတင်း လွန်ခဲ့တဲ့ ၅ နာရီကထွက်ပါတယ်။

ယူကေနိုင်ငံ မန်ချက်စတာ မျက်စိဆရာဝန်တွေကနေတီထွင်လိုက်တာပါ။ Bionic eye implant ဘိုအောနစ်မျက်စိကို မျက်စိမမြင်တဲ့လူနာတယောက်ကို တပ်ဆင်ပေးလိုက်ပါပြီ။ အသက် ၈ဝ ရှိတဲ့ Ray Flynn ရေး ဖလင်း ဖြစ်ပါတယ်။ Dry macular degeneration ခေါ်တဲ့ အသက်ကြီးတာနဲ့ဆက်စပ်နေတဲ့ မျက်စိခြောက်ရောဂါကနေ မျက်စိဗဟိုအမြင် လုံးလုံး ကွယ်နေရသူပါ။

Retinal implant ကနေ video images ဗီဒီယိုပုံရိုပ်ကိုပြောင်းပေးပါတယ်။ သူ့အထူးမျက်မှန်မှာ အလွန်သေးငယ်တဲ့ ဗီဒီယိုကင်မရာတပ်ထားတယ်။ အခုဆိုရင် ကွန်ပြူတာဆခရင်မှာပေါ်လာတဲ့ အဖြူရောင်တန်းကိုလိုက်ရင် လားရာကို သိလာတယ်။

ကိရိယာကို Argus II implant လို့ခေါ်တယ်။ ယူအက်စ် Second Sight ကနေထုတ်လုပ်တာဖြစ်ပါတယ်။ Retinitis pigmentosa ခေါ်မြင်လွှာရောဂါကြောင့် မျက်စိကွာရသူတွေက သုံးနိုင်ကြပါမယ်။ ကင်မရာကနေ ပုံရိပ်ကိုရယူပြီး ဗီဒီယို ပရောဆက်ဆာ ပြောင်းမယ်။ အီလက်ထရောနစ် အချက်ပြဖြစ်လာမယ်။ ဝိုင်ယာလက်စနစ်နဲ့ မြင်လွှာမှာတပ်ထားတဲ့ အီလက်ထရုတ်တွေဆီ ပို့မယ်။ ဒီဘိုင်အောနစ်မျက်စိက အဆင့်မြင့်အသေးစိတ်ပုံတွေအထိတော့ လုပ်မပေးနိုင်သေးပါ။ တပ်ထားသူက သူ့လမ်းသူ ရှာဖွေသွားလာနိုင်စေပါမယ်။

AMD ရောဂါမှာ အစိုနဲ့ အခြောက်၂ မျိုးရှိတယ်။ ၈၅% က အခြောက်အမျိုး။ ဗဟိုမြင်ကွင်းကွယ်သွားတယ်။ ယူကေမှာ တနှစ်မှာ အဲလိုလူနာပေါင်း ၄၄ဝဝဝ ယောက်ရှိတယ်။ Argus II ဘိုအောနစ်မျက်စိတခုက £150,000 ကုန်ကျတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၇-၂ဝ၁၅

No comments:

Post a Comment

Note: Only a member of this blog may post a comment.

ဆိုရှယ်လစ်ခေတ်၏ ကောင်းကွက်ကိုရှာခြင်း

လုပ်သားပြည်သူနှင့် ဦးကြီးဟု အခေါ်ခံရသူများ၏ စကားဝိုင်းမှာ ပြောကြတယ်။ လုပ်သားပြည်သူ- အဲဒါ ငစိန်နဲ့ မီးဒုန်းခေတ် ဦးကြီး - ဆန်တပြည် ၆၅ ပြ...