Rubelli V-Line Face ဒီတခါလည်းကြော်ငြာ

မင်္ဂလာပါဆရာ ခုခေတ် online မှာခေတ်စားနေတဲ့ vline face cream mask အကြောင်းသိချင်လို့ပါ။ မျက်နှာကို ဆိုးကျိုးတွေများ ဖြစ်စေသလားလို့ သိချင်လို့ပါဆရာ။

ကြောငြာဆေးဖြစ်တယ်။ ကြော်ငြာဆို မေးလာကြအုံးမယ်။ ဘယ်မှာဝယ်ရမလည်းလို့။
ကြော်ငြာဆေးကို ဆရာဝန်တွေမသုံးပါ။ မေးလို့တော့ သိအောင်လုပ်ရတယ်။ သူ့ဝဘ်ဆိုက်မှာတော့ ကောင်းတာချည်းပါ။ ဆေးသုတေသန တခုမှ မတွေ့ပါ။ အဲတာကြောင့် ထိရောက်မှု မသိပါ။ ဘေးထွက်ဆိုးကျိုး မသိပါ။
ကြော်ငြာမှ ပြထားတဲ့ပုံလေးတခုကိုလည်းကြည့်ပါ။ ဆေးမစားမီနဲ့ ဆေးစားပြီးပုံ။ အလင်းအမှောင်ပြောင်းပေးထားတယ်။ အဲဒီကြော်ငြာပုံထက်ကောင်းတဲ့ (ကွာခြားချက်ပိုပြီးသိသာတဲ့) ပုံမျိုးကို အခုစာဖတ်နေသူကိုယ်တိုင်လည်း လုပ်နိုင်တယ် မဟုတ်ပါလား။

ဒေါက်တာတင့်ဆွေ
၁၆-၇-၂ဝ၁၅

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး