Martyrs Day သူရဲကောင်းအလိုရှိသည်

(ပြီးခဲ့တဲ့နှစ်ကရေးထားတာပါ။)
• အာဇာနည်နေ့ဆိုတာ တိုင်းပြည်တိုင်းမှာမရှိပါ။ မြန်မာပြည်မှာရှိတယ်ဆိုတဲ့ထူးခြားမှုမှာ ရင်နင့်အောင်နာရတဲ့အထဲကနေ ဂုဏ်တင်စရာလို့ ယူဆသင့်တယ်။
• အာဇာနည်နေ့နဲ့ပတ်သက်ပြီး အစိုးရတွေက ဘာလို့ တန်ဘိုးကို ထားသင့်သလောက်မထားသလဲဆိုတဲ့ မေးခွန်းဟာ စစ်တပ်ကနေ ပဌမဆုံးအာဏာသိမ်းခဲ့တဲ့ ၁၉၆၂ နောက်ပိုင်းကတည်းက စရှိနေခဲ့တာပါ။ အစိုးရပုံစံတွေလဲစုံပါတယ်။ တော်လှန်ရေးကောင်စီ၊ လမ်းစဉ်ပါတီအစိုးရ၊ နဝတ၊ နအဖနဲ့ ပြည်ခိုင်ဖြိုးအစိုးရဆိုပြီး (၅) မျိုးရှိနေပြီ။ ဒါပေမဲ့ အာဇာနည်နေ့နဲ့ပတ်သက်တဲ့ လူထုကဖြစ်စေချင်တာမျိုးအထိ ပြောင်းလဲတိုးတက် ဖြစ်ထွန်းလာတယ်လို့ မရှိသေးပါ။
• အဲလို မဖြစ်အောင်လုပ်နေတဲ့ အာဏာပိုင်အဖွဲ့ (၅) ခုလုံးမှာ ခိုင်မာတဲ့အကြောင်းပြချက်တွေ ရှိနေပါလိမ့်မယ်။
• မတူတဲ့အမြင်ဘက်ရှိရင် ဆွေးနွေးအဖြေရှာနည်းကို သုံးရပါတယ်။ အလုပ်ရုံဆွေးနွေးပွဲတွေ၊ လူထုဟောပြောပွဲတွေ၊ တီဗွီ-ရေဒီယိုစကားရည်လုပွဲစတဲ့ မီဒီယာတွေသုံးပြီး အယူအဆတွေကို ရိုးသားစွာ၊ ပွင့်လင်းစွာ၊ အထောက်အထား အကိုးအကားတွေနဲ့တကွ တင်ပြဘို့လိုအပ်ပါတယ်။
• ဗိုလ်ချုပ်အောင်ဆန်းဟာ အာဇာနည်မပီသပါဘူး၊ ဒါမှမဟုတ် ဗိုလ်ချုပ်အောင်ဆန်းထက် နောက်တက်တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ၊ စစ်ဗိုလ်ချုပ်မှူးကြီးတွေကသာတယ်လို့ ပြောနိုင်ရင်လဲ ပြောစေချင်တယ်။
• ဗိုလ်ချုပ်အောင်ဆန်းဟာ အာဇာနည်မပီသပါဘူးလို့ ပြောနိုင်စွမ်းရှိတဲ့ သူရဲကောင်းကို မြင်ဘူးကြားဘူးချင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၆-၇-၂ဝ၁၄

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး