Ladder ကျုံးသုံးတန် ကျော်ရအောင်

Mee Mee Kyaw ဆရာ့ကို လေးစားစွာဖြင့် သမီးမေးပါရစေဆရာ။ သမီးတို့ သာဖွားဆရာမတွေက အလုပ်လဲ ၂၄ နာရီ တာဝန်ကို ထမ်းဆောင်ရပါတယ်။ အလုပ်တွေကလဲ အများသားမဟုတ်လာဆရာ။ လိုအပ်လို့ လူနာကိုဆေးရုံပို့လဲ ဆေးရုံ ရောက်လာရင် ဆရာဝန်တွေက တအားငေါက်တာဘဲဆရာရယ်။ သမီးတို့က လူနာကိုဆေးရုံ ရောက်အောင် မနည်း စည်းရုံးခဲ့ရတာပါဆရာ။ သမီတို့ဘဝက အထက်ကိုလဲကြောက်ရ ရွာကလူတွေနဲ့လဲ အဆင်ပြေအောင်နေရနဲ့ သမီးတို့ရဲ့ ကိုယ်ပိုင်အချိန်ဆိုတာတောင် မေ့နေကြရပါတယ်ဆရာ။ သမီးတို့နေပြည်တော်မှာက စီမံချက်တွေကလဲ အများသား မဟုတ်လာဆရာ။ တခါတလေ ထွက်တောင်ပြေချင်တဲ့စိတ်ကို မနည်းထိန်းထားရတယ်။ သမီးက ဝါသနာ ပါလွန်းလို့ စိတ်ကိုလျှော့နေရတယ်ဆရာ။ သမီးတို့ ဘယ်လိုနေရမလဲ၊ ဘယ်လို့စိတ်ဓာတ်မျိုးထားရမလဲဆိုတာ ဆရာ ဆိုဆုံးမပေးပါအုံးလို့ မေတ္တာရပ်ခံပါရစေဆရာ။ စကားလုံးအမှားပါရင် ခွင့်ပေးပါလို့ တောင်းပန်ပါတယ်ရှင့်။
ကျေးဇူးတင်ပါတယ်ရှင့်။

ဟာ့ သားဖွါးဆရာမတို့ သူနာပြုတို့ကို ဆိုဆုံးမရမှာ မဟုတ်ဖူး။ နားမလည်သူတွေ၊ စိတ်ဓါတ်ညံ့သူတွေ၊ ရာထူးနဲ့တာဝန်၊ အာဏာနဲ့စည်းစိမ်ကိုသာ သိသူ-ကြည့်သူတွေကိုသာ ပြောစရာရှိတာ ပြောရမှာ။

မြန်မာပြည်မှာ အရာရာခက်ခဲနေတာက အဲလိုလူမျိုးတွေက အုံနဲ့ကျင်းနဲ့ဆိုတော့ ကျန်းမာရေးအမှုတော်ထမ်းတွေမှာ ကုသိုလ်သာရ၊ မျက်နှာမရ၊ အအော်အငေါက်သာခံရ၊ ဝဋ်ဒုက္ခရောက်နေကြရတယ်။ ဆရာတို့အသိုင်းအဝိုင်းထဲမှာလည်း မျက်နှာလိုမျက်နှာရတွေရှိတာတော့ ဟုတ်ပြန်တယ်။ အမေမွေးကတည်းက နှုတ်မစောင့်စည်းသူတွေလည်း ပါသေးတာ။

ဆရာတို့မှ မဟုတ်ပါ။ အာဏာရနဲ့ အာဏာရအလိုကျသမားတွေကလွဲရင် အကုန်ဒုက္ခနွံထဲက မတက်နိုင်ကြသေးဖူး။ စိတ်အားမငယ်ကြနဲ့။ ရေကျုံး၊ ခြောက်ကျုံး၊ နွံကျိုးဆိုတဲ့ ကျုံးသုံးတန်ကျော်ရင် အုတ်ရိုးပဲရှိတော့တယ်။ ၂ဝ၁၅ မှာ လှေကားထောင် တက်ကြတာပေါ့။

ဒေါက်တာတင့်ဆွေ
၁၈-၇-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ