Poem Vs Poet ကဗျာသည် လူကိုစပ်၏

တယောက်က ကွန်မင့်ရေးလာတယ်။ ခေတ်စမ်းကဗျာ ခေါ်ရမလားဆရာတဲ့။

ကျွန်တော်က ကဗျာစပ်လိုက်မယ်လို့စိတ်ကူးပြီး မရေးပါ။ ဖတ်ကောင်းအောင်တော့ ကြိုးစားရေးလေ့ရှိပါတယ်။ ဖတ်တဲ့သူကို ဖတ်ပြီးမှတ်မိသွားစေချင်တာနဲ့ အချက်အလက်ပါအောင်ဂရုစိုက်ပါတယ်။ ကျွန်တော်ရေးတာမှာ ကာရံပါချင်ပါမယ် ကဗျာတန်းမဝင်ပါ။

အစဉ်အလာကဗျာတွေမှာ ရသပါပြီး၊ စည်းချက်ဝါးချက်မိရတယ်၊ သာယာနာပျော်ဖွယ်ဖြစ်မှု (ပြောင်းပြန်ဖြစ်မှု)၊ အသံထွက် ဆင်တူမှုနဲ့ စာလုံးအရေအတွက်၊ အသံ (အဓိပ္ပါယ်) အနိမ့်အမြင့်လည်းပါတယ်လို့ ဖတ်ရဘူးပါတယ်။ အဲလို ရေးနည်း ဥပဒေသတွေကို နည်းနည်းတော့သိပါတယ်။ ဒါပေမယ့် ဖတ်ဖူးတာ၊ သိတာနဲ့ လိုက်လုပ်တတ်တာ မတူပါ။ ကျွန်တော်က ကဗျာဆရာဖြစ်ချင်သူလည်း မဟုတ်ပါ။ ကိုယ်ရေးချင်တာကို ဖတ်တဲ့သူမှာ စွဲထင်ကျန်စေဘို့တော့ ကြိုးစားပါတယ်။ ကာရံပါကဗျာမဟုတ်လို့သာ ပြောချင်ပါတယ်။

အမှန်ကတော့ဗျာ ကဗျာကသာ လူတွေကို ဖတ်နေ စပ်နေတာပါ။ လူတွေဟာ စိတ်ကူးတွေနဲ့ တွန့်ပြီး၊ ကွန့်ပြီး၊ စွန့်ပြီး ရေးတာကို ကဗျာတဲ့။ ငါကတော့ မှန်ကြည့်ရေးတာ၊ ဖွင့်ကြည့်နေစရာမလိုပါ၊ ကဗျာလို့မခေါ်လဲနေပါတဲ့။ အဲတာ ကဗျာကပြောတာ။

ကဗျာဆရာတွေက ဖတ်တဲ့သူကို ခံစားမှုရစေချင်တဲ့စေတနာထားရေးကြတယ်။ ကျွန်တော်ရေးတတ်တာက အသိတခုခု ရစေချင်တာပါ။

ဒေါက်တာတင့်ဆွေ
၂၆-၇-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး