Antibiotic Resistance ဆေးယဉ်တဲ့ ပဋိဇီဝဆေး

ဆရာရှင့် ကလေး လူကြီး ပိုးသတ်ဆေးနဲ့ပတ်သက်ပြီး ဆရာဝန်ပေးတဲ့ဆေးကို ကုန်အောင်သောက်ရမယ်ဆိုတာ ဟုတ်ပါသလားရှင့်။ ကျွန်မရဲ့ ကလေးတွေ ပိုးသတ်ဆေးနဲ့ပတ်သပ်ပြီး သက်သာသွားရင် ပိုးသတ်ဆေး ကျန်နေသေးလဲ ဆေးတွေက ပြင်းလွန်းတဲ့ အတွက် မတိုက်ချင်တော့တာပါရှင့်။ အများတာကြားဘူးလို့ ပိုးသတ်ဆေး ကုန်အောင်မတိုက်ရင် နောက်ဆေးမတိုးတော့ဘူးလို့ ပြောနေကြလို့ပါရှင့်။

ဆေးအမည် မသိ။ ဘာရောဂါအတွက်ပေးသလဲ မသိ။ ဆေးပြင်းလွန်းဆိုတာ ဘယ်လိုဖြစ်လို့ပြောသလဲ မသိ။ ဆရာဝန်က လိုတာညွှန်ပါမယ်။

ပိုးသတ်ဆေးတိုင်းကို ပြောတာပါရှင့်။ ပိုးသတ်ဆေးတိုင်း ကုန်အောင်မတိုက်ရင် နောက်ဆေးမတိုးတော့ဘူးလို့ အများက ပြောကြလို့ပါရှင့်။ မှန် မမှန် သိချင်တာပါရှင့်။

၇-၄-၂ဝ၁၅ နေ့ကရေးခဲ့ပါတယ်။ တကယ်လို့ ဆေးယဉ်တဲ့ပိုဆေးကို မထိန်းနိုင်ရင် လူပေါင်း ၈ သောင်သေဆုံးရနိုင်တယ်။ ၅ ယောက်ဖြစ်ရင် ၃ ယောက် သေနိုင်တယ်လို့ အင်္ဂလန်နိုင်ငံ အမျိုးသားအရေးပေါ်အန္တရာယ် မှတ်တမ်းတင်ဌာနက ထုတ်ပြန်လိုက်တာပါ။ လွန်ခဲ့တဲ့ အနှစ် ၂ဝ မှာ အဲလိုဖြစ်လာခဲ့တယ်။ အဲလိုဖြစ်နေလို့ ကိုယ်အင်္ဂါ အစားထိုးခွဲစိတ်မှု၊ အူလမ်းခွဲစိတ်မှုနဲ့ ကင်ဆာရောဂါတွေကို ကုသရာ ပိုပြီးခက်ခဲစေတယ်လို့ အစီရင်ခံစာထဲမှာ ဆက်လက် ပါရှိပါတယ်။ လူပေါင်း ၂ သိန်းမှာ သွေးထဲ ဗက်တီးရီးယား ပိုးရောက်တာခံစားရနိုင်တယ်။ ပေါ်နေပြီးသား ပိုးသေဆေးတွေနဲ့ နိုင်မှာ မဟုတ်။ လူရှစ်သောင်းသေနိုင်တယ်။

ပဋိဇီဝဆေးယဉ်ခြင်းဟာ ကမ္ဘာလုံးဆိုင်ရာအန္တရာယ်ဖြစ်နေပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကနေပြောလိုက်တာပါ။ နိုင်ငံပေါင်း ၁၁၄ နိုင်ငံကနေရတဲ့ ကိန်းဂဏန်းတွေကို ဆန်းစစ်မှုလုပ်တော့ ကမ္ဘာ့ဒေသတိုင်းမှာ ပဋိဇီဝဆေးတွေကို ပိုးတွေက ယဉ်ပါးနေကြပြီလို့ပြောနိုင်တာ ဖြစ်ပါတယ်။ ပဋိဇီဝဆေးလွန်ကာလမှာ သာမန်ကာရှန်ကာ ပိုးဝင်တာလေးနဲ့ သေဆုံးရနိုင်တယ်လို့ ဖေါ်ပြလိုက်ပါသေးတယ်။ ဒီလိုပိုးဝင်တာကို အရင် ၁ဝ-၂ဝ နှစ်လောက်ကဆိုရင် အလွယ်လေးနဲ့ ကုသပေးနိုင်ပါတယ်။

အစီရင်ခံစာထဲမှာ အဓိက နူမိုးနီးယား၊ ဝမ်းပျက်တာနဲ့ သွေးထဲပိုးဝင်တာတွေကိုဖြစ်စေနိုင်တဲ့ ဗက်တီးရီးယား (၇) မျိုးကို အာရုံစိုက်ထားပါတယ်။လက်ရှိသုံးနေတဲ့ ပင်မပဋိဇီဝဆေး ၂ မျိုးကို တချို့တိုင်းပြည်တွေမှာ သုံးမရတော့ပါ။ တခုကတော့ Carbapenem ကာဘာဇီပင် ဖြစ်ပါတယ်။ ဒီဆေးကို အသက်ကိုရန်ရှာနိုင်လောက်တဲ့ နူမိုးနီးယားနဲ့ သွေးထဲပိုးဝင်တာတွေ အတွက် နောက်ဆုံးလက်နက်အဖြစ်သုံးနိုင်ခဲ့ပါတယ်။ မွေးစကလေးငယ်လေးတွေကို ဝင်နိုင်တဲ့ K. pneumonia ပိုးကိုလဲ နိုင်ခဲ့ပါတယ်။ ဆီးလမ်းပိုးဝင်တာဖြစ်စေတဲ့ အီး-ကိုလိုင်ပိုးက ၁၉၈ဝ တုံးကဆေးယဉ်တလုံးဝမရှိခဲ့ရာကနေ အခုဆိုရင် တဝက်ကျော်လောက်က ဆေးယဉ်လာကြပြီဖြစ်တယ်။ လိင်ကတဆင့်ကူးစက်တဲ့ ဂနိုးရီးယား ကိုကုသရတာလဲ ဆေးယဉ်ပါးတဲ့ဒုက္ခရှိနေပါပြီ။

• Escherichia coli = Cepalosporins (3rd generation), Fluroquinolones = ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ သွေးထဲပိုးဝင်ခြင်း၊
• Klebsiella pneumoniae = Cepalosporins , Carbapenems (3rd generation) = နူမိုးနီးယား၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ သွေးထဲပိုးဝင်ခြင်း၊
• Staphylococcus aureus = Methicillin MRSA = အနာဒဏ်ရာပိုးဝင်ခြင်း၊ သွေးထဲပိုးဝင်ခြင်း၊
• Streptococcus pneumoniae = Penicillin = နူမိုးနီးယား၊ ဦးနှောက်မြှေးရောင်ခြင်း၊ နားရောင်ခြင်း၊
• Nontyphoidal Salmonella = Fluroquinolones = အစာထဲပိုးပါပြီးဝမ်းလျှောခြင်း၊ သွေးထဲပိုးပါခြင်း၊
• Shigella species = Fluroquinolones = ဝမ်းပျက်၊ ဝမ်းကိုက်ခြင်း၊

ဒီပြဿနာကြီးကိုရင်ဆိုင်ဘို့ရာ ဆေးသစ်တွေ ရှာရပါမယ်။ ဘယ်တော့ရလာမလဲ မပြောနိုင်ပါ။ ဒါကြောင့် သန့်ရှင်းမှုကို ပိုဂရုပြုကြရပါမယ်။ သောက်သုံးရေသန့်ကို လက်လှမ်းမီနိုင်အောင်စီမံရပါမယ်။ ကျန်းမာရေး ဌာနတွေမှာ ကူးစက်ရောဂါနှိမ်နင်းရေး ပိုထိရောက်အောင် စွမ်းဆောင်ရပါမယ်။ ပိုးသေဆေးကို မလိုဘဲမသုံးရပါ၊ ပိုးသေဆေးကို ဆရာဝန်က သောက်ခိုင်းသလောက် ဆေးအလေးချိန်အပြည့်၊ ရက်အပြည့် သောက်ရမယ်။ ဆေးအလေးချိန်မပြည့်တဲ့ ပိုးသေဆေးတွေကို ဖမ်းဆီးအရေးယူရမယ်။

၂၃-၈-၂ဝ၁၇ နေ့ကမေးခွန်းတခုရပါတယ်။ အသက် ၁၇နှစ် အပျိုပါ။ ဆေးစစ်ချက်အဖြေမှာ MRSA လို့ပြနေပါတယ်။ ဆရာဝန်က ဆေးမတိုးတဲ့ပိုး ပေါက်နေတယ်လို့လဲ ပြောပါတယ်။ အဲ့တာဘာရောဂါလဲ ဘာကြောင့်ဖြစ်တာလဲ ဘာတွေကိုရှောင်ရမလဲ ကျေးဇူးပြု၍ ရှင်းပြောပြပေးပါဆရာ။ အမှားပါရင်ခွင့်လွှတ်ပါ။ လေးစားစွာဖြင့်။

ဆေးယဉ်တဲ့ပိုးဝင်ခြင်းဆိုတာ Methicillin-resistant Staphylococcus aureus (MRSA) ဗက်တီးရီးယားပိုးဝင်တာကို ခေါ်တယ်။ MRSA ကို ၁၉၆၁ ခုနှစ်မှာစတွေ့ပါတယ်။ ဆေးကုရတာခက်တယ်။ ဆောရီး။ Staphylococcus aureus ပိုးအမျိုးအစားကနေ အများဆုံးဖြစ်စေတယ်။ သုံးနေကျပဋိဇီဝဆေးတွေကိုယဉ်နေတယ်။ ပိုးဝင်တာ ဘယ်နေမှာလဲအပေါ် မူတည်တယ်။ သာမန်အရေပြားအနာတွေက မဆိုးလှပါ။ ခွဲစိတ်နာတွေ၊ အဆုပ်မှာ၊ ဆီးလမ်းမှာဖြစ်တာတွေ့တာမျိုးက ဆိုးတယ်။ ဆောရီး။ အများအားဖြင့်တော့ မဆိုးတာဖြစ်ကြတယ်။ အသက်ကို ရန်ရှာနိုင်တာမျိုးကို Super bug လို့ ခေါ်ကြတယ်။

လူ ၂% မှာ အဲလိုပိုးကရှိနေတယ်။ ရောဂါမရသေးပါ။ လူ ၃ ယောက်မှာ ၁ ယောက် နှာခေါင်းထဲမှာရှိတယ်။ ထိခိုက်ဒဏ်ရာ။ ခွဲစိတ်နာတွေကနေတဆင့် ကိုယ်ထဲဝင်လာရင် ရောဂါရမယ်။ တချို့က အလိုလိုပျောက်တယ်။ ဆိုးတာက နူမိုးနီးယားလို အဆုပ်ပိုးဝင်တာ။ ဆေးရုံတွေမှာ အဲလိုပိုးတွေရှိနေတယ်။ ပိုးသေဆေးရွေးပေးရတယ်။

1. Antibiotic resistance ပဋိဇီဝဆေးယဉ်ခြင်းဟာ ကမ္ဘာလုံးဆိုင်ရာ အန္တရာယ်ဖြစ်နေပြီ http://doctortintswe.blogspot.com/2014/11/antibiotic-resistance.html
2. Antibiotics for Viral Infections ပဋိဇီဝဆေး ကောင်းကျိုး-ဆိုးကျိုး http://doctortintswe.blogspot.com/2014/11/antibiotics-for-viral-infections.html
3. Antibiotics ပဋိဇီဝဆေးများ http://doctortintswe.blogspot.com/2014/11/antibiotics.html
4. Hospital-acquired infection ဆေးရုံကူးစက်ရောဂါ https://doctortintswe.blogspot.com/2017/08/hospital-acquired-infection.html
5. New Antibiotics ပဋိဇီဝဆေးသစ်ကို ယူအက်စ်ဆေးပညာရှင်တွေကတွေ့ရှိ https://doctortintswe.blogspot.com/2015/01/new-antibiotics.html

ဒေါက်တာတင့်ဆွေ
၁၂-၁ဝ-၂ဝ၁၇

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး