Books for Vote မဲဆွယ်နည်း

Tint Swe Counter attack ဗိုလ်ချုပ်ကို ထပ်သတ်ဖို့ကြံစည်ခြင်း

Khin Maung Nyunt အင်း အဲ့လို စုန်းပြူးတွေလည်း ဒုက္ခပဲဆရာရယ်။

Nyein Nge ဟုတ်တယ်ဆရာ။ ခုတလောမှ စာတွေနဲ့ေ့ရော ပုံတွေနဲ့ရာ သရော်စာတွေ တမျိုးပြီးတမျိုးတက်လာတယ်။ လေးစားထိုက်တဲ့သူကို ခုလိုသရော်တာလိုလို နောက်တာလိုလိုတွေ ရေးနေတာဟာ ဦးနှောက်နဲ့ အသိဥာဏ် ကောင်းကောင်းမဖွံ့ဖြိုးတဲ့သူလို့ပဲ သတ်မှတ်လိုက်ပါတယ်။

Aung Zaw Latt စစ်အုပ်စုရဲ့ စိတ်ဓာတ်တွေက တော်တော်အောက်တန်းကျနေတာတွေ တွေ့နေရတယ်ဆရာ။ နောက်မျိုးဆက်တွေအတွက် သမိုင်းအမှန် မသိအောင် အနာဂတ်တွေရိုက်ချိုးတာခံနေရတယ်။

Ye Khaing သမိုင်းအစစ်အမှန်တွေ တတ်နှိုင်သရွေ့ တင်ပေးပါဆရာ။

ကျွန်တော်သိတာတော့ စနစ်တကျလုပ်တာဖြစ်တယ်။ လခစားလုပ်နေတာ။ နိုင်ငံရေးအရ သတ်နေတာဖြစ်တယ်။

လူတွေကို အရည်အချင်းညံ့တဲ့စာတွေ သင်စေထားတယ်။ အစိုးရကထုတ်တာတွေမှာ အချက်အလက်မှားတွေနဲ့ ရိုက်ထုတ်တယ်။ ကနေ့လူငယ်လူရွယ်တွေသုံးနေတဲ့ မီဒီယာထဲမှာ ဆက်လိမ်နေတယ်။

သမိုင်းမှန်မဖတ်ရသူတွေ၊ စာဖတ်အားနည်းကြသူတွေက ထင်ရောင်ထင်မှားသာမကတော့ပဲ ညစ်နေတာတွေကို အစစ်အမှန်လို့ ထင်သွားကြသူတွေ မနည်းတော့ဖူး။

သူတို့ပါတီမှာ လူအင်အားမနည်းတာမှာ ဒီအကြောင်းခံက တခုဖြစ်တယ်။ သူတို့ကအဲလိုလူတွေဆီကနေ မဲရကြတယ်။ မဲဆက်ရဖို့လုပ်နေကြတာဖြစ်တယ်။

ဒေါက်တာတင့်ဆွေ
၁၇-၇-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး