Broken windows ကွဲနေသောပြူတင်းပေါက်များ

စက်တင်္ဘာ-အလဲဗင်းခေါ်တဲ့ နယူးယောက် ကမ္ဘာ့ကုန်သွယ်ရေးစင်တာတာဝါကြီးနှစ်ခုကို ဘင်လာဒင်ကနေ စီစဉ်စေခိုင်းသူ အကြမ်းဖက်သမားတွေကနေ ၂ဝဝ၁ စက်တင်္ဘာ (၁၁) ရက်နေ့မှာ လေယာဉ်နဲ့တိုက်ပြီး ဖြိုချဖျက်ဆီးခဲ့တယ်။ ဒီအဖြစ်အပျက်နဲ့ နောက်ဆက်တွဲဖြစ်ပျက်တာတွေကို ကမ္ဘာသူကမ္ဘာသားအများစုက မမေ့နိုင်ကြသေးပါ။

အဲလိုကမ္ဘာကြီးတခုလုံးကို တုန်လှုတ်သွားအောင်ဖြစ်တဲ့အကြမ်းဖက်မှုဒဏ်ခံလိုက်ရတဲ့ နယူးယောက်မြို့ကြီးကို အရေးပေါ် စီမံခန့်ခွဲမှုတွေကို စနစ်တကျအောင်အောင်မြင်မြင် လုပ်ပေးနိုင်စွမ်းရှိတဲ့ပုဂ္ဂိုလ်ဟာ နယူးယောက်မြို့တော်ဝန် Rudy Giuliani ရူဒီ ဂီလာနီဖြစ်ပါတယ်။

သူ့မြို့တော်ဝန်ပထမသက်တမ်းအတွင်းမှာ William Bratton ကို ရဲချုပ်သစ်အဖြစ်ခန့်ခဲ့တယ်။ Broken windows theory of urban decay အိုမင်းနေသောမြို့များ၏ ကွဲနေသောပြူတင်းပေါက်များခေါ်တဲ့ သီအိုရီကို ကိုးကားသူဖြစ်တယ်။ အသေးအဖွဲအမြင်အတော်မှုတွေ၊ ဥပဒေချိုးဖေါက်မှုတွေကနေ ကြီးမားဆိုးဝါးလှတဲ့ ရာဇဝတ်မှုကြီးတွေဖြစ်လာစေနိုင်တယ် ဆိုတာဖြစ်တယ်။

(ဂီလာနီ) ဟာ နယူးယောက်မြို့တော်နေလူတွေရဲ့ နေထိုင်မှုအရည်အသွေးကို တိုးတက်လာအောင်ကြိုးပမ်းနိုင်ခဲ့သူအဖြစ် နာမည်ရတယ်။ ရာဇဝတ်မှုလည်း ကျဆင်းလာစေနိုင်ခဲ့တယ်။ တိုင်းမဂ္ဂဇင်းကနေ ၂ဝဝ၁ အတွက် Person of the Year အဖြစ်ရွေးချယ်ခဲ့တယ်။ ၂ဝဝ၂ ခုနှစ်မှာ အဲလိဇဗက်ဘုရင်မကြီးကလည်း ဂုဏ်ထူးဆောင် (နိုက်) ဘွဲ့ချီးမြှင့်သေးတယ်။

ကျွန်တော်တို့တိုင်းပြည်က ကွဲနေတဲ့အဝင်တံခါးမကြီး၊ အထွက်တံခါးမကြီးတွေနဲ့ ပြူတင်းတွေကို မွမ်းမံပြုပြင်နိုင်စွမ်းမရှိတဲ့ ဂီလာနခေါင်းဆောင်တွေ အလွန်မတန်များပြားလှပါတယ်။

(ရူးဒေါ့ ဂီလာနီ) ရေးတဲ့ Leadership through the ages ခေါင်းဆောင်မှုစာအုပ်ကို ဖတ်ဖူးတယ်။ ဖတ်ပြီးတော့ မုံရွာက အမျိုးဆီလှမ်းပို့လိုက်တယ်ထင်တယ်။ တက်နေတဲ့မြစ်ရေတွေကို ခဏနေပါအုံးပြောပြီး အဲဒီစာအုပ်မျိုးဖတ်ကြပါလို့ နေပြည်တော်က ခေါင်းဆောင်ကြီးတွေဆီကို ကော်ပီပို့ခိုင်းရမလားမသိပါ။

ဒေါက်တာတင့်ဆွေ
၃၁-၇-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး