Chief Minister ဝန်ကြီးချုပ် အိတ်စပို့လုပ်ပါ

ဘာလည်းတော့ တိတိကျကျမသိလှပါ။ ဆိုက်ကားတဲ့။ ဖေ့စ်ဘွတ်မှာက ယုံရတာမဟုတ်ဖူး။ ဖြစ်စေချင်တာကို ဖြစ်ပြီလိုလိုတွေ ရေးကြတယ်။ မလေးရှားလေယာဉ်နဲ့ ခေါင်းလောင်းရှာသတင်းတွေက တက်တက်စင်မှားတယ်။  စင်္ကာပူသတင်းကြတော့ အမှန်ဖြစ်လာလည်းရှိပါတယ်။

ကျွန်တော်သိတဲ့ဆိုက်ကား ထူးခြားတာမရှိပါ။ မုံရွာ၊ မန္တလေး၊ စစ်ကိုင်းမှာ ဆိုက်ကားစီးဖူးပါတယ်။ မစီးဖူးခဲ့တာက ဧရာဝတီဆိုက်ကား။ ဘယ်လိုများလည်းမသိပါ။ ဆိုက်ကားသမားတွေကိုလည်းသိတယ်။ တချို့ကအခုထိ ဆိုက်ကား နင်းနေကြရတုံးပဲ။

တဖက်နိုင်ငံ မဏိပူဆိုက်ကားကတမျိုး။ နင်းတဲ့သူကရှေ့က၊ စီးတဲ့သူကနောက်က။ ကျောခြင်းကပ်မထိုင်ရ။ (မိုက်သည်း) ခေါ် ဆိုက်ကားသမားတွေက အများအားဖြင့် မျက်နှာကို ပုဆိုးနဲ့ဖုံးစည်းထားလေ့ရှိကြတယ်။

ဒေလီကဆိုက်ကားကလည်း နင်းတဲ့သူကရှေ့က၊ စီးတဲ့သူကနောက်က။ ရာသီဥတုကဆိုးတော့ ဆိုက်ကားသမားချွေးနံ့က စီးရသူကို တလမ်းလုံးဒုက္ခပေးတယ်။ တက်ရဆင်းရတာ နည်းနည်းပိုမြင့်တော့ မြန်မာအမျိုးသမီးတွေ ထဘီနဲ့စီးရတာ အဆင်မပြေပါ။

မြန်မာဒုက္ခသည်ထဲက ဆိုက်ကားကို အုန်နာကြေးပေးပြီးနင်းတဲ့သူတွေရှိတယ်။ ကျွန်တော်ထွက်လာတဲ့အထိတော့ ဒီဘဝက မတက်ကြပါ။ ဆိုက်ကား အခိုးခံရလို့ ပိုဆင်းရဲသူလည်းရှိတယ်။ အင်ဖါးနဲ့ ဒေလီကလူတွေဆီ ဖေ့စ်ဘွတ်က သတင်းကို ရှယ်ပေးလိုက်မယ်။ (ချိ-မင်နစ်စတာ) ကို အိတ်စပို့လုပ်တာက ပိုလက်တွေ့ကျမယ်ထင်တယ်။

ဒေါက်တာတင့်ဆွေ
၂၃-၇-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး