Classmates ကျောင်းနေဖက်များ

ကျွန်တော့်ကို နာမ်စားအမျိုးမျိုးနဲ့ စာရေးကြတယ်။ ဆရာဆိုတာက မှန်ကန်ပြည့်စုံပါကြောင်းဖြေရတာအမော။ အဲတာလည်း ညတုံးကတယောက် ခုမနက်မှာတယောက် ကျွန်တော် မသတီဆုံး အဘစာလုံးသုံးလာသေးတယ်။
ကျွန်တော့်ကို ဆရာ၊ ဒေါက်တာ၊ ဦး၊ ကို၊ မောင် ဘာတခုမှတပ်ခေါ်စရာမလိုတဲ့ ငယ်သူငယ်ချင်းတယောက်ဆီက စာရတယ်။ ဓါတ်ပုံတွေလည်းရတယ်။ ဆယ်တန်းသူငယ်ချင်းတယောက်ပေါ့။ မုံရွာ အထက (၂)၊ ၁၉၆၄-၆၅။
ကျွန်တော်ပုံဆွဲဝါသနာပါတာလည်း အဲလိုသူငယ်ချင်းတွေပဲသိကြတယ်။ ငယ်ကတည်းက ဘောလုံးပွဲကြည့်တာလည်း သိကြတယ်။

ဒေါက်တာတင့်ဆွေ
၂ဝ-၇-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး