Defamation နာမည်ဖျက်ကောင်းသူများ

ပုလဲနယ်ကတယောက်ကနေ ကွန်မင့်ရေးပါတယ်။ အဲဒီ (အဘ) အခေါ်အဝေါ်လိုပဲ (သမဝါယမ) ဆိုတဲ့စကားလုံးဟာ ခေတ်ကြောင့် ရွံစရာဖြစ်ခဲ့ရတယ်တဲ့။

ဟုတ်ပ။ (မဆလ) ကလုပ်လိုက်တာနဲ့ (သမဝါယမ) ကို လူတွေက မကြိုက်ကြတော့ဖူး။ အခုလည်းဗျာ အဲဒီဝန်ကြီးဌာနကြောင့် သမဝါယစာလုံးကို ပိုမုန်းလာတယ်မဟုတ်လား။

အဲလိုပဲ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် (မဆလ) ပါတီကြောင့် (ဆိုရှယ်လစ်) ဆိုတဲ့အသုံးကိုလည်း လူတွေကမုန်းတီးကြတယ်။ ၁၉၉ဝ ရွေးကောက်ပွဲတုံးက နိုင်ငံရေးပါတီပေါင်း ၂၃၅ ခုထဲမှာ ဆိုရှယ်လစ်ပါတာ တခုမှမရရှိခဲ့ဘူးဗျ။ (မဆလ) အဖြစ် ၂၆ နှစ်ကြာ တိုင်းပြည်ကို အုပ်စီးခဲ့တဲ့ပါတီကိုယ်၌က တိုင်းရင်းသားစည်းလုံးညီညွတ်ရေး (တစည) ပါတီလို့ပြောင်းလိုက်တယ်။

အခုလူတွေကလည်းဗျာ စည်းကမ်းပြည့်ဝသောတဲ့။ အင်မတန်ကောင်းမွန်လှတဲ့ (စည်းကမ်း) စကားလုံး သုံးရတာတောင် သတိထားနေရပြီကော။

ဒေါက်တာတင့်ဆွေ
၂၄-၇-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး