Election Slogan ဆောင်ပုဒ်

Vote for Change, Vote for Health, Vote for Prosperity တွေကိုတင်တော့ စိတ်ဝင်စားသူများပါတယ်။ သဘောတူသူလည်း များပါတယ်။ မေးခွန်းထုတ်သူလည်း ပါတယ်။

NLD ကိုမဲပေးရင် တကယ်ဖြစ်မလား မေးတယ်။ USA က အဆင့်ထိပ်တန်းမှာမပါတာ ဘာလို့လည်း မေးတယ်။

ကျွန်တော်က သုတေသနဆန်းစစ်မှုကို ကိုးကားပေမယ့် စာတမ်းရေးတာမဟုတ်ပါ။ Slogan ခေါ် ဆောင်ပုဒ် ဖြစ်ပါတယ်။ ရွေးကောက်ပွဲဆောင်ပုဒ်နဲ့ သုတေသနခေါင်းစဉ်မတူပါ။

ကျွန်တော် ကောက်နုတ်နှိုင်းယှဉ်တဲ့နိုင်ငံတွေက အိမ်နီးနားချင်းတွေနဲ့ အာစီယန်နိုင်ငံတွေဖြစ်ပါတယ်။ နှိုင်းတဲ့အခါမှာ အုပ်စုတူနိုင်ငံမျိုးနဲ့ ဒီမိုဂရ်ဖီခေါ်တဲ့ နိုင်ငံအရွယ်အစား၊ လူဦးရေစတာတွေ နီးစပ်တာချင်းကို နှိုင်းမှသာ သင့်ပါတယ်။ ယူအက်စ်လို၊ တရုပ်လို၊ အိန္ဒိယလို နိုင်ငံကြီးတွေနဲ့ ယှဉ်ပြောတာ မသင့်ပါ။ အာစီယန်အုပ်စုထဲမှာတောင် အင်ဒိုနီးရှားလို စင်္ကာပူလိုနဲ့ နှိုင်းရတာ သိပ်မလျှော်ပါ။

ဘာကြောင့် ကျန်းမာရေးမှာနိမ့်ကျနေတယ်နဲ့ ဘယ်လိုလုပ်ရင် ပြန်ကောင်းမယ်ဆိုတာတွေ ရေးနေပါတယ်။ ကျွန်တော်က မကောင်းတာတွေသာ လိုက်ထောက်ပြနေသူမျိုး မဟုတ်ပါ။ ကိုယ်လုပ်နိုင်တာလည်း လုပ်ပါတယ်။

ဒေါက်တာတင့်ဆွေ
၁၈-၇-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး