Fracture အရိုးကျိုးခြင်း


အရိုးကျိုးခြင်း အမျိုးအစားများ
1. Closed fracture ကျိုးသည့်နေရာသည် ပိတ်နေခြင်း၊
2. Open fracture ကျိုးသည့်နေရာသည် အပြင်သို့ ပွင့်နေခြင်း၊
3. Complicated fractures ကျိုးရုံသာမက အခြားဒဏ်ရာများ ပါနေခြင်း၊
4. Greenstick fracture ကလေးများတွင် ဖြတ်တတ်သော သစ်စိမ်းချိုး ကျိုးခြင်း၊

လက္ခဏာများ = နာကျင်ခြင်း၊ လှုပ်ရှားမှုခက်ခြင်း၊ မလှုပ်နိုင်ခြင်း၊ ရောင်ခြင်း၊ သွေးခြည်ဥခြင်း၊ သွေးထွက်ခြင်း၊ ဖိလျှင်-ထိလျှင် နာခြင်း၊ ပုံသဏ္ဌာန် ပြောင်းသွားမည်။

လုပ်ဆောင်ရန်များ = သွေးမထွက်ရန်လုပ်ပါ။ အနာဆေးထည့်ပါ။ အသက်ရှူမှု စစ်ဆေးပါ။ လူနာကို နှစ်သိမ့်ပါ။ တခြားဒဏ်ရာ ရှိ-မရှိစစ်ဆေးပါ။ ကျိုးသည့်အပိုင်းကို မလှုပ်ရှားအောင်လုပ်ပါ။ ရေခဲတင်ပေးပါ။ နှိပ်မပေးရ။ ခြေထောက်-လက် ကျိုးလျှင် ဆန့်ဆွဲမပေးရ၊ အထိန်းမပါဘဲ မရွှေ့ရ။ အစားအစာ မပေးသေးပါနှင့်။ မေ့ဆေးပေးပြီးကုရလျင် အစားမရှိမှ ကောင်းသည်။ ဆရာဝန်ပြပါ။
Open Fracture အရိုးကျိုးခြင်းနှင့်အတူ အနာ (အပေါက်) ဖြစ်ခြင်း၊
အရိုးကို မြင်နေရခြင်း၊ ကျည်ဆံ၊ ဗုံးဆံ ဝင်နေခြင်း၊ ရောဂါပိုးဝင် တတ်၍ ဂရုစိုက် ကုသရမည်။

အဘယ်ကြောင့် ငြိမ်အောင် လုပ်ရသနည်း = အရိုးကျိုးလျှင် အရိုးကျိုးသည့်နေရာက အရိုး၏ အချွန်များကြောင့် ဘေးမှ (တစ်ရှူး)များ၊ သွေးကြောများ၊ အာရုံကြောများအား မထိခိုက်စေရန်၊ မလှုပ်နိုင်အောင် လုပ်ပေးရသည်။

ငြိမ်အောင်လုပ်ရန် အသုံးပြုနိုင်သည့် ပစ္စည်းများ၊
1. Splints (စပလင့်) ခေါ် သစ်သား၊ ဝါး၊ သံပြား၊ သံချောင်း၊ စာအုပ်၊ ဂျပ်ပြား စသည်။
2. Padding ဂျက်ကက်၊ စောင်၊ သက်ရွက်စသည်။
3. Bandages ပတ်တီး၊ အဝတ်စ၊ စောင်စ။
4. Slings အသိုင်း၊ သုံးထောင့်ပုံပတ်တီး။

ဆောင်ရွက်ရန်များ = ဒဏ်ရာအခြေအနေကို စစ်ဆေးပါ။ လေဝင်လမ်းကြောင်း၊ အသက်ရှူပုံ၊ (ရှော့ခ်) ရှိ-မရှိ၊ သွေးထွက်-မထွက် သတိထားရန်မှာ ကျောရိုး၊ လည်ပင်းရိုးကျိုးသည်ထင်ပါက နေရာက မရွေ့ရ၊ ကျိုးသည်ထင်သည့်နေရာကို ရှာပါ။ တင်းကြပ်နေသည့် အဝတ်များ လျှော့ပေးပါ။ လက်ဝတ် လက်စားများ လိုအပ်လျှင် ချွတ်ပေးပါ။ အသုံးပြုနိုင်သည့် ပစ္စည်းများရှာပါ။ အကောင်းဆုံးဖြင့် ကြပ်စည်းပေးပါ။ စည်းပေးပြီး ၄င်းနေရာ၏အောက်၌ သွေးစီးဆင်းမှုကို စစ်ဆေးပါ။ လိုအပ်လျှင် တင်းတင်းစည်းထားသည်ကို လျှော့ပေးပါ။ အရောင်၊ အပူချိန်စစ်ပါ။ ထုံ နေ-မနေ မေးပါ။ ပွင့်ထွက်ပြီးကျိုးလျှင် အရိုးကို ပြန်သွင်းဖို့ မကြိုးစားရ။ အနာကို ဖုံးပေးပါ။ ပုံသဏ္ဌာန်ပြောင်းသွားသည်ကို ပြန်မပြင်ပါနှင့်။ ခြေထောက်၏ ဘေးနှစ်ဖက်က ကြပ်စည်းပါ။ ကျိုးသည့်နေရာ၏ အထက်နှင့် အောက်အထိ ရောက်ပါစေ။ ငြိမ်အောင် ကျိုးသည့်နေရာ၏ အထက်နှင့်အောက်က စည်းပါ။ အထုံးသည် အနာပေါ် မထားရ။ လိုအပ်လျှင် အသိုင်းလုပ်ပေးပါ။

Dislocation အဆစ်လွဲခြင်း
အဆစ်ကို ဖုံးထားသည့် အိတ်ထဲမှ အရိုးက ထွက်သွားခြင်း။ ပုံသဏ္ဌာန် ပြောင်းမည်။ အဆစ် အလုပ် မလုပ်နိုင်တော့။ နာမည်၊ ဖိလျှင် နာမည်။ လှုပ်မရ၊ ရောင်မည်။ အရောင်ပြောင်းမည်။ အကူအညီ ရှာပါ။ ပြန်တည့်အောင် မကျိုးစားပါနှင့်၊ ရေခဲ တင်ပေးပါ။ အပြင်က အနာရှိက သန့်ရှင်းဆေး ထည့်ပေးပါ။ အသိုင်း၊ အောက်ခံပြား လုပ်ပေးပါ။ သွေး ထွက်-မထွက် ကြည့်ပါ။ အသက်မရှူပါက (စီ၊ ပီ၊ အာရ်) လုပ်ပါ။ ခြေထောက်ကို မြှောက်ထားပါ။ စောင်ခြုံပေးပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး