Heavy Rain မိုး၊ နွားသိုး၊ အစိုးရ

မြန်မာပြည်မှာ ရေတွေကြီးတဲ့သတင်းက ဆက်တိုက်။ အခုတော့မိုးတွေသည်းတဲ့သတင်းက ဆက်လိုက်လာနေတယ်။ အရင်ရေးထားတာလေး ပြန်တင်ပါရစေ။

၁၅-၃-၂ဝ၁၅ နေ့က နိုင်ငံရေးရာသီဥတုရေးလိုက်တာကို ပုလဲကလူရွယ်တယောက်ရဲ့မှတ်ချက်က အမှန်ဆုံးဖြစ်မယ်ထင်လို့ မျှဝေပါရစေ။

မင်္ဂလာပါဆရာ။ ဆရာ့ရဲ့နိုင်ငံရေးရာသီဥတုကိုဖတ်ပြီး ရင်ထဲမကောင်းလို့ပါဆရာ။ ဆရာတို့ ဖြတ်သန်းခဲ့ရတဲ့ ခရီးကလည်း ကြမ်းတမ်းလိုက်တာ။ သွားရတဲ့ခရီးရော နိုင်ငံရေးခရီးရောပါပဲ။ ဒီမှာရာသီဥတုကတော့ ကောင်းတယ်ထင်ရပေမယ့် ဘယ်အချိန်မိုးရွာမလဲ၊ ဘယ်အချိန်နေပူမလဲ၊ ဘယ်အချိန်မုန်တိုင်းတိုက်မယ် မခန့်မှန်းနိုင်ပါဘူးဆရာ။ အရင်ကတော့ မိုးရယ်၊ နွားသိုးရယ် မခန့်မှန်းနိုင်ဘူးပေါ့။ အခုတော့ မိုး၊ နွားသိုး၊ အစိုးရ ခန့်မှန်းလို့ လုံးဝမရပေါ့ ဆရာ။ ရာသီဥတု ကောင်းတဲ့တစ်နေ့မှာ ပြန်လည်ဆုံတွေ့ချင်ပါသေးတယ်ဆရာ။ ဒါပေမဲ့ ထီးနဲ့ မိုးကာတော့ ဆောင်ထားဖို့လိုမှာပေါ့နော် ဆရာ။ လေးစားစွာဖြင့်၊့ (ပုလဲ)

ထီးနဲ့မိုးကာအပြင် အသက်ကယ်ဂျက်ကက်လည်းလိုမယ်။ ကံတရားလည်းအားကိုး၊ အရေးပေါ်လူနာပြုစုနည်းလည်း အနားမှာထား၊ မင်းတို့က စင်္ကာပူလည်းသွားကုနိုင်တာမဟုတ်။

ဒေါက်တာတင့်ဆွေ
၂၄-၇-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး