Malaria vaccine gets green light ငှက်ဖျားကာကွယ်ဆေး စမ်းသပ်နေ

ငှက်ဖျားကာကွယ်ဆေး နောက်တဆင့်ပိုနီးစပ်လာပြီလို့ ကနေထွက်ဆေးသုတေသနသတင်းက ဆိုပါတယ်။

European Medicines Agency ဥရောပဆေးအေဂျင်စီကနေ ဆေးစမ်းသပ်နေတဲ့ငှက်ဖျားကာကွယ်ဆေးသစ်ကို အာဖရိကမှာသုံးဖို့ မီးစိမ်းပြလိုက်ပါတယ်။

GlaxoSmithKline ကနေထုတ်တဲ့ Mosquirix ထိုးဆေးဖြစ်ပါတယ်။ RTS,S vaccine လို့လည်းခေါ်ပါတယ်။ World Health Organization ကနေလည်း ဒီနှစ်နောက်ပိုင်းမှာ စဉ်းစားဖို့ရှိပါတယ်။

ငှက်ဖျားရောဂါကြောင့် ကမ္ဘာမှာ လူပေါင်း ၅၈၄ဝဝဝ ယောက်နှစ်စဉ်သေဆုံးနေရတယ်။ ၁၉၉၈ ကနေစလုပ်ခဲ့တာမို့ နှစ်ပေါင်း ၃ဝ သုတေသနလုပ်လာခဲ့တဲ့အိပ်မက်ကတကယ်ဖြစ်လာတာပါလို့ဆိုပါတယ်။

ကလေး ၅ လသားကနေ ၁၇ လသားတွေကို တလခြားပြီး ဆေး ၃ ကြိမ်ထိုးပေးပါတယ်။ လ ၂ဝ မှာ နောက်တကြိမ် ထပ်ထိုးပါတယ်။ ၄ နှစ်အတွင်း ဆိုးဝါးတဲ့ငှက်ဖျားဖြစ်မှု ၃ ပုံ၁ ပုံကျဆင်းတာတွေ့ရှိရပါတယ်။

ဒေါက်တာတင့်ဆွေ
၂၄-၇-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး