Mighty rain မိုး အစိုးမရ

Nyein Wai = စိတ်မချမ်းမြေ့ဖွယ် မနက်ခင်း ဒီပုံတွေဟာ ဒီမနက် ၆:၁၅ မှာ ရိုက်ခဲ့တာပါ။ မုန်းရေလှောင်တမံဆည်ကြီး ကျိုးကျမှာကို လည်စင်းပြီးခံပြီးစောင့်နေရုံကလွဲ အခြားနည်းလမ်းမရှိရှာတဲ့ စေတုတ္တရာမြို့ကလေးအတွက် စိတ်ပူမိတယ်။

ဘယ်တော့လာလာ ကဗျာသာပါတဲ့သူဟာ ဒီတခါ တိမ်မည်းညိုပြာမှာ ကာရံမပါပါလား။ တိမ်တောင်မှာ ကဗျာအရောင် မပါပါလား။

မာန်ဟုန် ဟုန် = ပုလဲတစ်နယ်လုံးနီးပါး မိုးအရမ်းရွာတော့ နှမ်းထောင်တွေ အကုန်ပျက်လို့ တောင်သူတွေ ဒုက္ခရောက်ကုန်ပြီဆရာ။

ပုလဲနယ်သားကရေးတဲ့စာမှာ မိုးရေတွေမည်းပြီး စိုရွှဲနေတယ်။ တနယ်မြေမ ခြေမချရဲခဲ့တာကို အမှတ်ရစေတယ်။

ဆယ်မြောင်းချောင်းကန် ပြည့်လျှံဖြိုး၊ ဆက်မတိုးပါနဲ့တာ့မိုး။

ရေလယ်ခေါင်သောင်ထွန်း နတ်သမီးနေတဲ့ကျွန်းမှာ ဘေးရှင်းကြပါစေ မြန်မာပြည်သားတွေ။

ဒေါက်တာတင့်ဆွေ
၂၉-၇-၂ဝ၁၅

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး